HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကိုဗစ်မျိုးကွဲ အိုမီခရွန် မြန်မာနိုင်ငံရောက်နေပြီဆိုတဲ့ သတင်းအမှား

နိုင်ငံတကာမှာပျံ့နှံ့ရောက်ရှိနေပြီဖြစ်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ရောဂါပိုးဟာ မြန်မာနိုင်ငံကို ရောက်နေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေသာဖြစ်ပါတယ်။

By - Boom Live Myanmar | 7 Dec 2021 12:57 PM GMT

ဒီအကြောင်းအရာကို အဆိုတော်ထူးအယ်လင်းအပါအဝင် တခြားသောအကောင့်တချို့မှာလည်းဖြန့်ဝေကြတာရှိပါတယ်။ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် မြန်မာနိုင်ငံရောက်နေပြီဆိုတဲ့ ဖြန့်ဝေမှုတွေဟာ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှာ စတင်ပျံ့နှံ့လာတာဖြစ်ပြီး "Omicron ပိုးသစ် သံသယရှိသူတစ်ဦး ဒဂုံအရှေ့မြို့နယ်တွင် ပထမဦးဆုံးတွေ့ရှိ၊ ဒဂုံအရှေ့မြို့နယ် အမှတ်၈ရပ်ကွက်မှာ တောင်ငူက လာရောက်တည်းခိုသူတစ်ဦး နိုင်ငံခြားသွားဘို့ ဆေးစစ်ရာမှာ ပိုးတွေရှိတယ်ဆိုတဲ့  ရေးသား ဖြန့်ဝေမှုတွေလည်းပေါ်ထွက်ခဲ့ပါတယ်။

ဒီဇင်ဘာ (၆)ရက်ညနေပိုင်းမှာ နာမည်ကျော်အဆိုတော ထူးအယ်လင်းက သူ့ရဲ့ဖေစ့်ဘွတ်အကောင့်မှာ Live လွှင့်ပြီး အိုမီခရွန်ကြောင့် အိန္ဒိယမှာ သုံးထောင်ကျော်သေကြောင်း။ ဘန်ကောက် ယိုးဒယားလည်း ရောက်နေပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံလည်း ရောက်နေပြီလို့ ပြောဆိုခဲ့ပါတယ်။အဆိုတော်ထူးအယ်လင်းအနေနဲ့ သူ့ရဲ့ Live မှာ ရောဂါပိုးအသစ်ကို သတိထားဖို့ပြောဆိုသတိပေးထားတာဖြစ်ပေမယ့် သူ့ရဲ့‌ပြောဆိုမှုတွေမှာ အချက်အလက်အမှားတွေပါဝင်နေပါတယ်။


မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

လက်ရှိအခြေအနေထိ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးဟာ မြန်မာနိုင်ငံတွင်းရောက်ရှိနေပြီဆိုတဲ့ ဖြစ်စဉ်မျိုးမရှိသေးသလို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆေးပညာနယ်ပယ်က တခြား ကျွမ်းကျင်ဆရာဝန်တွေလည်း ထူတ်ပြန်ပြောဆိုထားခြင်းမရှိပါဘူး။ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရကဖွဲ့စည်းထားတဲ့ ကိုဗစ် ၁၉ ဗဟုသုတစင်တာ နဲ့ ဝဘ်ဆိုက် မှာလည်းထုတ်ပြန်ကြေငြာခြင်းမရှိပါဘူး။

အလားတူ ရောဂါပိုးသစ်ပျံ့နှံ့မှုနဲ့ပတ်သက်လို့  WHO အပါအဝင်ရောဂါပိုးကိုစောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ဒီအခြေအနေပေါ်မှာ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပါဘူး။  နောက်ဆုံးရရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေမှာလည်း ယခုသတင်းရေးသားချိန် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီအထိ ဖောပြထားတာမတွေ့ရှိရသေးပါ။

စစ်ကောင်စီလက်အောက်ခံ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်မတွေ့ရှိသေးကြောင်းနဲ့ သတင်းအမှားသာဖြစ်တယ်လို့ သူမရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းမှာ ထုတ်ဖော်ရေးသားထားပါတယ်။


ဒေါက်တာခင်ခင်ကြီးရဲ့ ရေးသားထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ စပိန်ကဝင်ရောက်လာတဲ့ အမေရိကန်နိုင်ငံသား ခရီးသွားတစ်ဦးမှာ အိုမီခရွန်တွေ့ရှိတယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဖတ်ပါ။

တေးသံရှင် ထူးအယ်လင်း ပြောတဲ့ အိုမီခရွန်ကြောင့် အိန္ဒိယမှာ လူသုံးထောင်ကျော် သေကြောင်းတယ်ဆိုတဲ့အကြောင်းအရာဟာလည်း မှားပါတယ်။ ယနေ့အချိန်ထိ အိုမီခရွန်ကြောင့် သေဆုံးသူ မရှိသေးဘူးဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေငြာထားချက်ကို ဒေါက်တာခင်ခင်ကြီးကလည်း ပြန်လည်ဖြန့်ဝေထားပါသေးတယ်။ ဒီနေရာ မှာ ကြည့်ပါ။

Related Stories