သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေမကောင်း ဆိုတဲ့ သတင်းအမှား

လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေမကောင်းကြောင်း ရှေ့နေကိုယ်တိုင်ပြောပြီ ဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 July 2021 7:08 PM IST

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေမကောင်း ဆိုတဲ့ သတင်းအမှား

ဒီဖြန့်ဝေမှုတွေကို ဇူလိုင်လ ၂၈ ရက်နေ့ နောက်ပိုင်း စတင်ဖြန့်ဝေလာတာဖြစ်ပြီး ဖြန့်ဝေရာမှာ "အမေစု ကျန်းမာရေးအခြေအနေမကောင်း ရှေ့နေကိုယ်တိုင်ြပောပြီ ဗွီဒီယိုဖိုင်" ဆိုပြီး ဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ ဘီဘီစီသတင်းဌာနရဲ့ Youtube channel မှာ ဇူလိုင်လ ၂၆ ရက်နေ့က ဖော်ပြခဲ့တဲ့ ရုပ်သံဖိုင်ကို အသုံးပြုပြီး ဖြန့်ဝေထားတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်မူရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဆိုတဲ့ အချက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ ဘီဘီစီသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ရုပ်သံဖိုင်ရဲ့ ၂ မိနစ် အချိန်မှာ ရှေ့နေအဖွဲ့က ဒေါ်မင်းမင်းစိုး ပြောကြားထားတာက "ရဲမှူးကတော့ ပြောပါတယ်။ အမေ့ဆီမှာ လုံခြုံရေးထားထားတဲ့ ရဲမေတွေ တစ်ယောက်မှ ရောဂါဖြစ်တာမရှိဘူး။ အဲ့အတွက်ကြောင့်မို့လို့ မဖြစ်နိုင်ဘူးလို့ အစောပိုင်းက ပြောပါတယ်။ အမေတို့နဲ့ ဒါရိုက်တော့ မတွေ့ရဘူးပေါ့နော်။ မနေ့တုန်းက အမေတို့ ခြံထဲအတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ မှာတဲ့အချိန် သူဘာလေးတွေ၊ ဘာလေးတွေ ပို့ပေးပါလို့ ပြောတာကရှိတဲ့အတွက် ကျန်းမာနေတယ်လို့ ယူဆရပါတယ်" လို့ ပြောထားတာပဲ ဖြစ်ပါတယ်။


ဘီဘီစီသတင်းဌာရဲ့ မူရင်းရုပ်သံသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories