HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်စု နဲ့ စစ်ကောင်စီခေါင်းဆောင် ဆွေးနွေးသယောင် ဖန်တီးဖြန့်ဝေတဲ့ သတင်းအမှား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံတွေကို ဆက်စပ်အသုံးပြုကာ ဆွေးနွေးပွဲစတင်နေပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းထဲပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 11 July 2022 12:27 PM GMT

ဒီသတင်းကို Media Myanmar News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဇူလိုင်လ ၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ သတင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပုံတွေကို တွဲဖက်ကာ "ဆွေးနွေးမှု စတင်နေပြီ" လို့ ခေါင်းစဉ်နဲ့ ရေးသားပြီး ၈ မိနစ်ကျော်ကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားတာဖြစ်ပါတယ်

ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ ဆွေးနွေးနေတဲ့ အထင်ရောက်ဖို့ လုပ်ကြံရေးသားဖြန့်ဝေနေတာ ဖြစ်ပေမယ့် ဒါဟာ မဟုတ်မမှန် လုပ်ကြံထားတဲ့ သတင်းမှား၊ သတင်းအတုဖြစ်မယ်ဆိုတာ လူအများစုက သိပြီးဖြစ်မှာပါ။ ဒီအကြောင်းအရာနဲ့ ပတ်သတ်တဲ့ သတင်းမျိုးကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာမရှိသလို စစ်ကောင်စီ ဘက်ကလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

ဖြန့်ဝေမှုမှာပါတဲ့ ၈ မိနစ်ကျော်ကြာ ဗွီဒီယိုဖိုင်ထဲမှာလည်း တခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ "ထိုင်းလေပိုင်နက်ထဲ စစ်ကောင်စီ လေယာဉ် ကျူးကျော်ဝင်ရောက်တဲ့ သတင်း၊ စစ်ကောင်စီကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့်ဆက်လက် ပိတ်ပင်ဆိုတဲ့ သတင်းနဲ့ မတူပီ ခင်ဦးဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဆိုတဲ့ သတင်း" စတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်တာ တွေ့ရပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာဟာ အများပြည်သူ အထင်မှားအောင် လုပ်ကြံထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

Related Stories