HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြဝတီတိုက်ခိုက်မှု အစ္စလာမ်အမျိုးသမီးတစ်ဦး ကျုးလွန်တယ်ဆိုတဲ့သတင်းဆန်းစစ်ချက်

မြဝတီ ဒေါနတောင်ကျော်လမ်းဟောင်းက ဆက်သွယ်ရေး တာဝါတိုင် လုံးခြုံရေးယူထားတဲ့ တပ်မတော်သား ၂ ဦး ပစ်ခံရပြီး မိုင်းပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်အပေါ် နောက်ဆက်တွဲ သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 1 Sep 2020 3:07 PM GMT

ဒီလိုရေးသား ဖြန့်ဝေမှုတွေမှာ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခကို ဦးတည်အောင် လှုံ့ဆော်မှု ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ စစ်ရန်နိုင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က သြဂုတ်လ ၃၁ ရက်နေ့ နေ့ခင်း ၃ နာရီ ၁၅ မိနစ်မှာ ဒီသတင်းအမှားကို ဖြန့်ဝေထားတာဖြစ်ပါတယ်။

အဆိုပါ သတင်းအမှားရေးသားမှုထဲမှာ ညစ်ညမ်းစွာ ဆဲဆိုထားမှုတွေ ပါဝင်သလို လူမျိုးရေး အမုန်းတရားကို ဦးတည်စေတဲ့ ရေးသားဖြန့်ဝေမှုတွေ ပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ရေးသားမှုထဲက ညစ်ညမ်းစွာ ဆဲဆိုထားတဲ့ အပိုင်းကို ချန်ခဲ့ပြီး ကျန်ရေးသားမှုကို ဖော်ပြရရင် "မအိသီရိဆန်းရွှေ အသက်၃၁နှစ် အစ္စလာမ်(ဘင်္ဂလီ)အမျိုးသမီးက ဆက်သွယ်ရေး တာဝါတိုင်နှင့် ဆက်သွယ်ရေး စခန်းငယ်တွင် တာဝန်ထမ်းဆောင်နေသောစစ်သည် ၂ ဦးသာရှိသော စခန်းသို့ ဘာရက်တာ 92.f အမျိုးအစားပစ္စတိုနဲ့ အမှတ် ၇ ဆက်သွယ်ရေးတပ်ရင်းမှ ဒုတပ်ကြပ်မြတ်မင်းဇော် တပ်သားညီညီသန့်တို့အား ဝဲဘက်နထင်ကို သေနတ်ဖြင့်ပစ်ရျ် ကျဆုံးစစ်သည် အလောင်းအောက်တွင် မိုင်းထောင်ထားခဲ့တဲ့အတွက် ကယ်တင်ရန်သွားခဲ့သည့် လုံခြုံရေးအရာရှိအပါအဝင် စစ်သည် ၂ ဦး ထပ်မံ ကျဆုံးခဲ့ရပါသည်" လို့ ရေးသားဖြန့်ဝေထားပါတယ်။

အဆိုပါ သတင်းအမှားကို စစ်ရန်နိုင်ဆိုတဲ့ အကောင့်ကနေ ထပ်ဆင့်ဝေမျှသူူ ၇၀၀ ကျော်ရှိနေပြီး တခြားဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ထပ်ဆင့်ဝေမျှထားကြပါတယ်။  

သတင်းဆန်းစစ်ချက်

စစ်ရန်နိုင်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ မြဝတီ ဒေါနတောင်ကျော်လမ်းဟောင်းက ဆက်သွယ်ရေး တာဝါတိုင် လုံးခြုံရေးယူထားတဲ့ တပ်မတော်သား ၂ ဦးကို ဘင်္ဂလီ အမျိုးသမီးတစ်ဦး က ပစ်သတ်ခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ သတင်းဟာ လုပ်ကြံရေးသားထားတဲ့ သတင်းဖြစ်တာကို တွေ့ရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပက်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံ ရှိတဲ့နေရာ ဖြစ်တဲ့အတွက် ဘယ်သူ့လက်ချက်လဲဆိုတာ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ က အဆိုပါ ဖြစ်စဉ်နဲ့ ပက်သက်လို့ အဖြစ်မှန်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့သာ ပြောဆိုထားပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပက်သက်လို့ ထုတ်ဖော်ပြောဆိုမှုတွေမှာ အမည်မသိ လက်နတ်ကိုင်တစ်ဖွဲ့က ဝင်ရောက် ပစ်ခတ်သွားတယ်လို့သာ ပြောဆိုနေကြပြီး အခုထိ အဖြစ်မှန်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပက်သက်တဲ့ သတင်းတွေကို ဒီမှာ ဖတ်နိုင်ပါတယ်။

RFA ,  7 Days,  DVB 

ဒီသတင်းတွေကိုလေ့လာရင် ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါတွေကျုးလွန်တယ်ဆိုတဲ့အခြေအနေက စောင့်ကြည့်ဖေါ်ထုတ်နေတုန်းပဲဖြစ်သလို၊ ဒီသတင်းအမှားမှာထည့်သွင်းထားတဲ့ အစ္စလာမ်ဘာဝင်အမျိုးသမီးရဲ့ဓါတ်ပုံဟာလည်း လူမှုကန်ရက်အကောင့်တစ်ခုခုကနေကူးယူပြီး ပုံဖျက်ရေးသားထားတဲ့အကြောင်းအရာအဖြစ်မှန်းဆလို့ရပါတယ်။

ဒီသတင်းကိုရေးသားဖြန့်ဝေထားတဲ့ စစ်ရန်နိုင်ဆိုတဲ့အကောင့်ကိုလေ့လာတဲ့အခါမှာ တပ်မတော်သားတွေရဲ့ရှေ့တန်းကပုံတွေနဲ့ တခြားသော တပ်မတော်သားတွေရဲ့ပုံတွေကို ကူယူတင်နေတဲ့အကောင့်ဖြစ်တာကိုတွေ့ရပြီး သူတင်တဲ့ပို့စ်တွေမှာများသေားအားဖြင့် တပ်မတော်နဲ့တပ်သားတွေကို ထောက်ခံအား ပေးတဲ့အကြောင်းအရာတွေရေးသားထားတာတွေဖြစ်ပါတယ်။

အကောင့်မှာသုံးထားတဲ့ Profile ဓါတ်ပုံတွေဟာလည်း ကလေးငယ်တစ်ဦးရဲ့ပုံတွေနဲ့ တခြားသော အင်တာနက်ပေါ်ကပုံတွေကို ကူးယူထားတဲ့ပုံအနည်းငယ်သာရှိတာကြောင့် ဒီအကောင့်ဟာ အကောင့်တု၊ အကောင့်ပွားအဖြစ်နဲ့သတ်မှတ်လို့ရနိုင်တာကြောင့် ဒီအကောင့်ကတင်တဲ့သတင်းနဲ့အကြောင်းအရာတွေကို ယုံကြည်လို့တော့မရနိုင်ပါဘူး။

Related Stories