HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆေးခန်းကမကုပေးလို့ လူတစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား

နေမကောင်းတဲ့လူနာတစ်ဦး ဆေးခန်းသွားရောက်ပြသရာမှ ဆေးခန်းကမကုပေးပဲထားလို့သေဆုံးသွား ရတယ်ဆိုပြီးရေးသားညဖန့်ဝေတဲ့ပို့စ်တစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 7 Sep 2020 9:41 AM GMT

ဒီအကြောင်းအရာကို ကျော်ကျော် ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က စက်တင်ဘာလ ၅ ရက်နေ့ နေ့လည် က ရေးသားဖြန့်ဝေခဲ့တာဖြ သူ့ရဲ့ရေးသားမှုကို လူပေါင်း သုံးထောင်ကျော်က ပြန်လည်ဝေမျှကြပြီး တချို့ကလည်း အကောင့်တွေမှာကူးပြီးတင်ကြသူတွေရှိခဲ့ပါတယ်။

မူရင်းရေးသားထားတဲ့အကြောင်းအရာထဲမှာ ပိုက်ဆံ တစ်သောင်းကိုင်ထားသူတစ်ဦး ဆေးခန်းကိုရောက်လာပြီး ဆေးခန်းက ကုသမပေးတဲ့အတွက် အသက်ဆုံးရှုံးရတယ်ဆိုပြီး ရေးသားဖော်ပြထားတာပါ။

အခြားဖြန့်ဝေနေတဲ့ ပိုစ့်တွေမှာလည်း " ငွေမရှိ၍ ဆေးခန်းတွင် ပက်လက်ကလေး သေသွားသော ပြည်သူ "မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၉ လမ်း ၊ အမှတ် ( ၅ ) ရပ်ကွက်ရှိ " မွန်မြတ်ဆေးခန်း " သို့ငွေလေး ၁သောင်း ကိုင်ပြီး ညနေ ၄ နာရီခွဲတွင် ရောက်ရှိလားပြီ ၊ ညနေ ၆ နာရီတွင် သေဆုံးသွားခဲ့။ ဆေးကုသချိန် ၁ နာရီခွဲ ရခဲ့ပါလျှက်၊ ဆေးခန်းမှာ လူနာ ရှင်းနေပါလျှက်နဲ့ မကုသနိုင်ရင် ဆေးရုံကြီးကို ပို့ဖို့/သွားခိုင်းလို့ ရပါလျှက်နဲ့ ဘာကြောင့်များ ဆေးခန်း ကြမ်းပြင်မှာ ပက်လက်ကြီး အသေခံခိုင်းရတာလဲဗျာ။ ကုသချိန် ၁ နာရီခွဲအတွင်းမှာ ပရက်ရှာလည်း တိုင်းချင်းမပြု သလို စမ်းသပ်ပြုလုပ်ချင်းလည်း မရှိဘဲ ဘာရောဂါနဲ့ သေသွားမှန်းတောင် သိခွင့်မရ" ဆိုပြီး ရေးသားဖြန့်ဝေနေကြတာပါ။

ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ 

သတင်းဆန်းစစ်ချက်

တကယ်တော့ဒီအကြောင်းအရာဟာတကယ့်အဖြစ်မှန်နဲ့လုံးလုံးလွဲမှားနေတဲ့ရေးသားချက် တွေဖြစ်ပြီး မမှန်ကန်တဲ့အချက်အလက်တွေကို ဆင့်ပွားကူးယူရေးသားတာတွေကြောင့် သတင်းမှားအဖြစ်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မြတ်ဆေးခန်းပိုင်ရှင် Zawmin Mg ဆိုတဲ့ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က မူရင်းပို့စ်ရဲ့အောက်မှာရေးသားခဲ့သလို သူ့ရဲ့ကိုယ်ပိုင်အကောင့်ကနေလည်း အဖြစ်မှန်ကိုရေးသားဝေမျှခဲ့ပါတယ်။

သူရဲ့ ရှင်းလင်းချက်ထဲမှာ သူကမွန်မြတ်ဆေးခန်းပိုင်ရှင်ဖြစ်ကြောင်း၊ လူနာမှာ အသည်းခြောက်ဝေဒနာသည်ဖြစ်ပြီး လူနာစောင့်မပါကြောင်း၊ ဆေးခန်းထဲဝင်လာပြီး ခဏအကြာ လဲကျသွားတဲ့အတွက် လူမှုကူညီရေးအသင်းကို ဖုန်းဆက်ခေါ်ကာ ဆေးရုံသို့ လွှဲဘို့ ပြုလုပ်ကြောင်း၊ ၁၅ မိနစ်အကြာ လူနာတင်ကားရောက်လာပေမယ့် လူနာစောင့်မပါလို့ ခေါ်ဆောင်မရကြောင်း၊ ရပ်ကွက်လူကြီးမှ မြို့နယ်နဲ့ ရဲအထိအကြောင်းကြားနေရတဲ့အတွက် ကြန့်ကြာသွားကြောင်း၊ လူနာတင်ကားရောက်ချိန်အထိ လူနာအသက်ရှင်နေသေးကြောင်း" ပြန်လည်ရေးသားထားပါတယ်။


ဒါ့အပြင် မွန်မြတ်ဆေးခန်းပိုင်ရှင်က သူ့ဖေစ့်ဘွတ်အကောင့်မှာ ဆေးခန်းရဲ့ ပုံရိပ်ထိခိုက်စေတဲ့အတွက် ပြန်တောင်းပန်ရန်နဲ့ မတောင်းပန်ပါက တရားစွဲမယ်ဆိုတဲ့ ပိုစ့်အပြင် နောက်တစ်ရက်မှာတော့ မူရင်း post တင်တဲ့သူနဲ့ ရပ်ကွက်ရုံးမှာ ရှင်းပြီးဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး အကြောင်းရင်းမှန်မသိပဲ သွားပုပ်လေလွင့် မပြောကြစေလိုကြောင်း ရေးသားထားပါတယ်။


ဆေးခန်းပိုင်ရှင်ရဲ့ ပိုစ့်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

မန္တလေးသတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ဂရုထဲမှာ မူရင်းရေးသားဖြန့်ဝေခဲ့တဲ့ Alz Kz ဆိုတဲ့ အကောင့်ပိုင်ရှင်က ပြန်လည်တောင်းပန်ခဲ့တယ် ဆိုပေမယ့် ဒီသတင်းနဲ့ ပါတ်သတ်ပြီး ဆက်လက်ဖြန့်ဝေနေကြဆဲဖြစ်ပြီး ဆေးခန်းနဲ့ပါတ်သတ်သူများကိုလည်း ဆဲဆိုတိုက်ခိုက်ဆဲဖြစ်ပါတယ်။

Related Stories