HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နယ်စပ်က မြန်မာရဲ ၈၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

နယ်စပ်မှာ ရှိနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၈၈ ဦးကို ထိုင်းနိုင်ငံ စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 18 Jan 2023 11:48 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ HT new ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘နယ်စပ်က မြန်မာရဲ ၈၈ ဦးကို ထိုင်းစစ်တပ်က ဖမ်းချ။ ပြသနာတွေ တကယ်တက်ကုန်ပြီ။’ လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အထက်ပါ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေရာမှာ နယ်စပ်က မြန်မာရဲ ၈၈ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလို့ ရေးသားထားပေမယ့် ဗွီဒီယိုထဲမှာတော့ Khit Thit Media မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖော်ပြထားတဲ့ 'မိုးညှင်းတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးပြီး ပြန်လည် ရောင်းချနေသည့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းကိုကို အပါအဝင် ရဲ ၃ ဦးနှင့် သတင်းပေး ၂ ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။


Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

အခုဖြန့်ဝေနေတာတွေဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ ဝင်ရောက်ကြည့်ရှု့သူများစေဖို့ သတင်းခေါင်းစဉ်တွေ နောက်ခံ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားခြင်းမျိုး ဖြစ်ပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

Related Stories