HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD က အာဏာသိမ်းချင်သိမ်းလို့ ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှား

လက်ရှိရွေးကောက်ပွဲရလဒ်အငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ကာလမှာ တပ်မတော်ရဲ့ မဲစာရင်း ထုတ်ပြန်မှုတွေ ပြောဆိုမှုတွေအပေါ် အခြေခံထားတဲ့ သတင်းအမှားတွေလည်း ဆက်တိုက်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Jan 2021 7:19 AM GMT

သတင်းအမှားတွေ မကြာခဏ ဖြန့်လေ့ရှိတဲ့ ဂိုရှယ်လေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တပ်မတော်နဲ့ NLD ကြား သတင်းအမှားတစ်ပုဒ် ထပ်မံဖြန့်ဝေထားပါတယ်။

အဆိုပါ သတင်းအမှားကို ဂိုရှယ်လေးဆိုသူရဲ့ ဖေ့စ်ဘွတ်အကောင့်ဖြစ်တဲ့ Aung Naing Htwe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၁၀ နာရီ ၂ မိနစ်မှာ ရေးတင်ခဲ့တာဖြစ်ပြီး ၎င်းက "ယနေ့ နောက်ဆုံး အထူးသတင်းက ဒါပဲ ဂိုရှယ်လေး" ဟုဆိုကာ "ယနေ့ည ၇ နာရီတွင် တပ်နှင့် NLD တွေ့ကြ၊ ဆွေးနွေးမှု အဆင်မပြေပါ။ သိမ်းရင်လဲသိမ်းလိုက်ပေါ့ လို့ဆိုတယ်" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

ဂိုရှယ်လေးဆိုသူ ရေးသားထားတဲ့ အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၈၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၅၀၀ နီးပါး ရှိနေပါတယ်။

ဂိုရှယ်လေးအကောင့်ဟာ ဇန်နဝါရီလ ၄ နာရီ ၂၃ မိနစ်မှာတော့ နောက်ထပ် အချက်အလက်အမှားတွေ ထပ်မံဖြန့်ဝေခဲ့ပါတယ်။ အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ "ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် စမ်းချောင်းအမတ် ဘိုဘိုဦးရရှိ ရန်ကုန်မြို့တော်ဝန်အဖြစ် ဒဂုံမြိုနယ်အမတ် ရဲမင်းဦး လို့ကြေငြာနေတယ် သူခိုးအကြီးစားတစ်ယောက်တော့ ပါလာတယ် လော်ဘီတွေ လှော်ပေးလို့နဲ့ တူတယ် ဒီညပဲ သိမ်းတော့မလား မသိမ်းဘူးလားမသိသေးဘူး။ ဘာတွေလဲဗျ" လို့ထပ်မံရေးတင်ခဲ့ပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ဂိုရှယ်လေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ တပ်မတော်နဲ့ NLD ဆွေးနွေးမှု မှာ NLD က အာဏာသိမ်းချင် သိမ်းလိုက်လို့ ပြောခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

မုံရွာအောင်ရှင်က ဂိုရှယ်လေးရေးသားထားတဲ့ NLD ပါတီက အာဏာသိမ်းချင် သိမ်းလိုက်လို့ ပြောဆိုခဲ့တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှာ NLD ပါတီက ခေါင်ဆောင်ပိုင်းထဲက ၂ ဦးနဲ့ တပ်မတော်ဘက်က အဆင့်မြင့် အရာရှိတွေဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ တတိယအကြိမ်လွှတ်တော်ကို ယာယီရွှေ့ဆိုင်းဖို့ ဆွေးနွေးခဲ့ကြပေမယ့် တိကျတဲ့ အခြေမထွက်ခဲ့ဘူးလို့ ဧရာဝတီသတင်းဌာနက သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဧရာဝတီ သတင်းဌာနက သတင်းကို ဒီမှာ ဖတ်ပါ။

ဂိုရှယ်လေးရဲ့ ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင်က "ဂိုရှယ်လေး ရေးထားသလိုက မဟုတ်ပါဘူး။ ဂိုရှယ်လေးကတော့ သူ့ပြောနေကြ လုပ်နေကြ ပါပဲ ဒါတွေက။ သူ့သတင်းတွေကလည်း အခုနောက်ပိုင်းဆို ပိုပြီးတော့တောင်မှ အမှားတွေက များတယ်။ နောက်တစ်ခုက ဂိုလ်ရှယ်လေးဆိုတာက တကယ်တမ်းကတော့ ဗမာပြည်ထဲမှာလည်း နေနိုင်တာလည်း မဟုတ်ဘူး။ သူ့ဟာသူ နိုင်ငံခြားကနေပြီးတော့ အထောက်အပံ့နဲ့ နေပြီးတော့ ဒီလို လော်ဘီလုပ်နေတာမျိုးပေါ့လေ။ NLD ဆန့်ကျင်ရေး လော်ဘီလုပ်နေတာမျိုးပါ" လို့ မှတ်ချက်ပေးပါတယ်။

Related Stories