HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကြက်သွန်နီအခိုး ရှိုက်သွင်းခြင်းက ကိုဗစ်ရောဂါပိုးကို သေစေနိုင်သလား

ကြက်သွန်နီဥကြီးတလုံးကို ကိုက်ဝါးပြီး ထွက်လာတဲ့အခိုးကို အဆုတ်ပြည့်အောင်ရှိုက်သွင်းခြင်းက ကိုရိုနာဗိုင်းရပ်စ်ပိုးကို သေစေနိုင်ကြောင်းရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်ပေါ်မှာ အများအပြားပြန့်နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar | 6 Aug 2021 4:48 AM GMT

ဒီသက်သေအခိုင်အမာမရှိတဲ့ အကြောင်းအရာကို ဇူလိုင်လ အစောပိုင်းမှာ စတင်ဖြန့်ဝေနေကြတာဖြစ်ပြီး လက်ရှိအချိန်ထိ ထပ်ဆင့်ဖြန့်ဝေသူပေါင်း သောင်းကျော်ရှိနေပါတယ်။ ကိုဗစ်ရောဂါပျောက်နည်းဆိုပြီး ဖြန့်ဝေနေတဲ့ ဒီအကြောင်းအရာကို အမှတ်စဉ် ၁ ကနေ ၄ အထိ အချက်တွေနဲ့ ရေးသားဖြန့်ဝေထားတာပါ။

အမှတ်စဉ် ၁ - "ကြက်သွန်နီဥကြီးတလုံးကို အခွန်ခွာ အလုံးလိုက်ရေဆေးပြီး ခပ်ကြီးကြီးကိုက်ဝါးကာ ပါးစပ်ပိတ်ဝါးနေစဉ် ထွက်လာသောအခိုးကို အဆုတ်ပြည့်အောင်စုတ်သွင်းပြီး နှာခေါင်းမှပြန်ထုတ်ရန်၊ တစ်လုံးလုံးကုန်သွားပါက ပိုးသေရန် ၁၅မီးနစ်အတွင်း ရသောက်ခြင်း အစာစားခြင်းမလုပ်ရန်၊ နှစ်ကြိမ် သုံးကြိမ်ပြုလုပ်ပြီးတာနဲ့ အသက်ရူလမ်း ကြောင်းဆိုင်ရာ ရောဂါပိုးများကို ၁၅မိနစ်နစ်အတွင်း ချက်ချင်းသက်သာမယ်ဆိုပြီး ရေးသားထားတာပါ။

အမှတ်စဉ် ၂ - ကိုယ်ပူရှိပါက ဘိုင်အိုဂျက်စစ်သောက်ရန်နဲ့ နှာရည်ကျပါက ဘာမီတွန်သောက်ရန်။

အမှတ်စဉ် ၃ - အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါ ရနေစဉ် တခြားရောဂါများနဲ့ နောက်ဆက်တွဲသက်ရောက်မှုကို ကာကွယ်ဘို့ အစာစားတိုင်းကြက်သွန်ဖြူ အစိမ်းကြီးကြီး ၃ မွှာခန့် စားပေးရန်။

အမှတ်စဉ် ၄ - သံပရာသီးကြီးကြီး မနက်တစ်လုံးညတစ်လုံး ဖျော်ရည်လုပ် သောက်ပေးရန်၊ မရပါက စီဗစ် တထောင်အား သောက်ရန်၊ အအေးမိနှာစီးချောင်းဆိုး အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ဗီတာမင်စီသည်များစွာ အကျိုးပြုကြောင်းတွေ ရေးသားထားပါတယ်။

ကိုဗစ် ၁၉ ကုသနည်းနဲ့ပတ်သက်လို့ အချက်အလက်မှားတွေပါနေတဲ့ ဒီသတင်းအမှားကို ကျန်းမာရေးအသိပညာပေးတဲ့ ဖေစ့်ဘွတ်ပေချ့်တွေတင်မက နိုင်ငံကျော်အနုပညာရှင်တချို့လည်း ကူးယူဖြန့်ဝေနေတာ တွေ့ရပါတယ်။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို မြန်မာနိုင်ငံမှာပင်မဟုတ်ပဲ အိန္ဒိယလို အိမ်နီးချင်းနိုင်ငံတွေက အင်တာနက်အသုံးပြုသူတွေကြားမှာလည်း ဖြန့်ဝေနေတာတွေ ရှိပါတယ်။

ပထမအချက်ဖြစ်တဲ့ ကြက်သွန်နီ ကိုက်ဝါးပြီး အခိုးရှိုက်သွင်းပါက ၁၅မိနစ်နစ်အတွင်း ရောဂါသက်သာမယ်ဆိုတာဟာ အချက်အလက်အမှားပဲ ဖြစ်ပါတယ်။ USA Today Network သတင်းဌာနနဲ့ AFP သတင်းဌာနတွေမှာ ဒီအကြောင်းအရာနဲ့ ပါတ်သတ်တဲ့ သတင်းဆန်းစစ်ချက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။


AFP သတင်းဌာနက ဖော်ပြထားတဲ့ သတင်းထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြက်သွန်နီစားခြင်းက ကိုဗစ်ရောဂါကို ပျောက်ကင်းတယ်ဆိုတဲ့ သိပ္ပံပညာနဲ့ အတည်ပြုချက် မရှိသေးပါဘူးလို့ ရေးသားထားပါတယ်။ဒီအကြောင်းအရာနဲ့ပါတ်သတ်ပြီး WHO မှာ သက်သေအထောက်အထား မရှိသေးကြောင်း အေဂျင်စီရဲ့ အရှေ့တောင်အာရှရုံးက AFP သတင်းဌာနကို ပြောကြားထားတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

USA Today Network သတင်းဌာနနဲ့ AFP သတင်းဌာန တွေရဲ့ သတင်းဆန်းစစ်ထားမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး အမေရိကန်နိုင်ငံ အမျိုးသားကြက်သွန်နီအသင်းက ရေးသားထားရာမှာ ကြက်သွန်နီတွေမှာ prebiotics ကြွယ်ဝစွာပါဝင်တဲ့အတွက် ဗိုင်းရပ်စ်တွေကို ခုခံဘို့ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ပွားလာအောင် ကူညီတယ်ဆိုပေမယ့် ကိုဗစ် ၁၉ ရောဂါဟာ လုံးဝအသစ်ဖြစ်တဲ့အတွက် ကြက်သွန်နီနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြား လေ့လာမှု မပြုလုပ်ရသေးကြောင်း ဖော်ပြထားပါတယ်။  

Wisconsin တက္ကသိုလ်က ပါမောက္ခ Irwin Goldman က ကြက်သွန်နီမှာပါတဲ့ ဒြပ်ပေါင်းတွေက COVID-19 ကို အကာအကွယ် (ဒါမှမဟုတ်) အဟန့်အတားဖြစ်စေလားဆိုတာ မသိရသေးပါဘူး လို့ ပြောကြားထားပါတယ်။ အမေရိကန်နိုင်ငံ အမျိုးသားကြက်သွန်နီအသင်းရဲ့ ဖော်ပြချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် ဒါဟာအချက်အလက်အမှား ဖြစ်တဲ့အတွက် လိုက်မလုပ်ကြဘို့ အိန္ဒိယအစိုးရက တွစ်တာမှာ ဧပြီလ ၂၃ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


ဒုတိယအချက်မှာ ရေးသားထားတဲ့ ကိုယ်ပူရှိပါက ဘိုင်အိုဂျက်စစ်သောက်ရန်နဲ့ နှာရည်ကျပါက ဘာမီတွန်သောက်ရန် ဆိုတာကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်း လိုက်နာသင့်ပါတယ်။ ဒါပေမယ့် COVID-19 ရောဂါဟာ ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ပဋိဇီဝဆေးတွေကိုတော့ သောက်သုံးဖို့ မသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပေးထားပါတယ်။ ပဋိဇီဝဆေးတွေကေ ဘက်တီးရီးယားတွေကိုသာ တိုက်ခိုက်နိုင်ပြီး ဗိုင်းရပ်စ်ကို မတိုက်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

တတိယအချက်မှာ ရေးထားတဲ့ ကြက်သွန်ဖြူ စားခိုင်းတာဟာလည်း အချက်အလက် အမှားပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် သင့်တော်ပြီး အချို့ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ပြောထားပါတယ်။ WHO ရဲ့ အကြံပြု တိုက်တွန်းထားချက်တွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

နောက်ဆုံးအချက်မှာ ရေးထားတဲ့ သံပရာရည်နဲ့ စီဗစ် သောက်ပေးရန်ခြင်းက အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ကောင်းမွန်တယ် ဆိုရာမှာ ဗီတာမင် D၊ C နှင့် zinc လိုမျိုး ဓာတ်သတ္တုဖြည့်စွက်ဆေးတွေဟာ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စွာလည်ပတ်ဖို့နဲ့ အာဟာရ ပြည့်ဝဖို့ မြှင့်တင်ပေးတဲ့နေရာမှာ အရေးပါတယ်ဆိုပေမယ့် COVID-19 ရောဂါ ကာကွယ်ကုသရာမှာ အသုံးပြုဘို့တော့ ညွှန်ကြားထားခြင်း မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထားပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားသိပ္ပံအကယ်ဒမီ (National Academy of Sciences) ရဲ့ ဖော်ပြချက်မှာလည်း သံပုရာသီးမှာ ဗီတာမင် C ပါဝင်ပေမယ့် သံပုရာရည် (သို့) ဗီတာမင် C ပါဝင်တဲ့ အာဟာရဖြည့်စွက်စာတွေက COVID-19 ကူးစက်မှုကို သက်ရောက်မှု မရှိကြောင်းရေးသားထားပါတယ်။


အမျိုးသားသိပ္ပံအကယ်ဒမီရဲ့ ထုတ်ပြန်မှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဖော်ပြပါ အချက်အလက်အမှားတွေကြောင့် ရောဂါကုသရာမှာ လမ်းလွဲပြီးဆိုးကျိုးတွေ ဖြစ်စေနိုင်သလို အချို့ အချက်အလက်တွေဟာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အွန်လိုင်းပေါ်က သက်သေအခိုင်အမာမရှိတဲ့ ရောဂါနဲ့ ပါတ်သတ်တဲ့ အကြံပေးချက်တွေကို ချင့်ချိန်ယုံစားရမှာ ဖြစ်ပါတယ်။

Related Stories