HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံ စစ်ကော်မရှင် ထုတ်ပြတယ်ဆိုတဲ့ သတင်းအမှား

ဆေးရုံကုတင် တစ်ခုပေါ်မှာ ထိုင်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်ကော်မရှင်က သူမ မကွယ်လွန် ကြောင်း သက်သေအနေနဲ့ ဓါတ်ပုံတွေ ထုတ်ပြလာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 27 Dec 2025 11:18 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 'သိင်္ဂါ နဒီဆွေ' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ဆေးရုံကုတင် တစ်ခုပေါ်မှာ ထိုင်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး 'ဒေါအောင်ဆန်းစုကြည် မကွယ်လွန်ဘူးဟု စစ်အုပ်စု ဓာတ်ပုံထုတ်ပြ။ AI လား တကယ်လား ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အတွက် နိုင်ငံတကာက ဖိအားပေးမှု့တွေ များသထက် များလာသည်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှီုင်နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦး ဆေရုံထဲတွင် ရိုက်ကူးထားသည်ပုံအား ပြသခဲ့သည်။ သားဖြစ်သူ ကိုထိန်လင်းက တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် မကွယ်လွန်ဘူးဆိုရင် သူ့သားနဲ့VCခေါ်ပြီးစကါးပေးပြောပါ။ အမေဆေးရုံတက်တဲ့ ပုံတွေ ပြတာလည်း အမေကဆေးရုံပေါ်မှာ ပန်းပန်နှိုင်သေးရဲ့လား ယုတ်တိမတန်တာတွေ အမေတို့သားအမိကို VCပေးပြောပါ။ ဒါက ကျနော် တစ်ယောက်တည်း အမြင်ပါဟု ကိုထိန်လင်းက တောင်းဆိုလိုက်သည်' ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံ စစ်ကော်မရှင် ထုတ်ပြတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေး ချန်နယ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

ဖြန့်ဝေထားတဲ့ ဓါတ်ပုံတွေဟာ AI နည်းပညာနဲ့ လုပ်ကြံဖန်တီးထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။

ဒီဖြန့်ဝေမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က Reuters သတင်းဌာနနဲ့ ပြောဆိုမှုအပြီး လူစိတ်ဝင်စားမှု မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ စစ်တပ်ရဲ ထုတ်ပြန်မှုဟာ ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သူရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် သက်သေတစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories