HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓနု PDF အဖွဲ့က နေအိမ်တွေ ဖောက်ထွင်းပြီးပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းအမှား

စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ပင်လောင်းဒေသရှိ ပအိုဝ်းကျေးရွာတွေမှာ ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တွေက ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ကားတွေနဲ့ လာရောက်ခိုးယူနေတယ်ဆိုပြီး လိမ်ညာရေးသားထားတဲ့ အကြောင်းအရာတွေပျံ့နှံ့နေပါတယ်

By - Boom Live Myanmar | 28 March 2024 9:04 AM GMT

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံ ရေးသား ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်နဲ့ ဖေစ့်ဘွတ် ပေချ့်တွေ၊ အကောင့်တွေမှာ မတ်လ ၂၀ ရက်က စတင်ဖြန့်ဝေနေကြတာပါ။ဖြန့်ဝေရာမှာ ဓာတ်ပုံအချို့နဲ့အတူ 'တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေသ။ ပအိုဝ်းကျေးရွာတွေမှာ KNDFပူးပေါင်းအကြမ်းဖက်အဖွဲ့က တိုက်ပွဲတွေ ဖန်တီးနေချိန် ဓနုလူမျိုးအမည်ခံ PDF အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများကို ကားများဖြင့်လာရောက်ခိုးယူနေကြောင်း ဒေသခံတွေပြော၊လက်ရှိအချိန်တွင် ဒေသခံပြည်သူများအနေဖြင့်ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်း သိရ' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဓနု PDF အဖွဲ့က ဒေသခံတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းကာ ပစ္စည်းတွေ ခိုးယူနေတယ်ဆိုတဲ့ အကြောင်းအရာကို BOOM က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေဘက်က လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေဟာ ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF ရဲ့ ဖေစ့်ဘွတ်ပေချ်မှာ မတ်လ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ ပုံတွေဖြစ်ပါတယ်။

ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိင်ပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်တွေ ဖော်ထွင်းကာ ပစ္စည်းတွေ ခိုးယူတယ်လို့ စွပ်စွဲရေးသားနေတာတွေဟာ မဟုတ်မှန်ကြောင်းနဲ့ Danu PDF အဖွဲ့အနေနဲ့ ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ၊ ဗန်းမောက်ကျေးရွာနဲ့ နမ်းဖောမှုကျေးရွာတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တာသာ ဖြစ်တယ်လို့ ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်က မတ်လ ၂၃ ရက်နေ့က ပြန်လည်ဖြေရှင်းထားပါတယ်။


Danu PDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Related Stories