HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အမေရိကန်ဘက်က တရုတ်ကိုတိုက်ဖို့ စစ်မျက်နှာစဖွင့်လိုက်ပြီဆိုတဲ့ သတင်းအမှား

အမေရိကန်အနေနဲ့ တရုတ်ကို အမှန်တကယ် တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီး စစ်မျက်နှာစဖွင့်လိုက်ပြီလို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 12 Aug 2022 2:33 AM GMT

ဒီသတင်းကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဩဂုတ်လ ၄ ရက်က စတင်ဖြန့်ဝေနေတာပါ။  သတင်းကို 'အမေရိကန်ဘက်က တကယ်ဆော်ဖို့ ပြင်ဆင်နေ' လို့ ရေးသားကာ ဗွီဒီယိုဖိုင်ကာဗာမှာတော့ 'အမေရိကန် စစ်မျက်နှာ စဖွင့်လိုက်ပြီ။ ကူကယ်ရာမဲ့နေတဲ့ တရုတ်ကြီး' ဆိုတဲ့ခေါင်းစဉ်နဲ့ ဖြန့်ဝေထားတာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိပြီး တချို့ပိုစ့်တွေမှာ ကြည့်ရှု့သူ သိန်းကျော်အထိရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းကို စစ်ဆေးကြည့်ရှု့ရာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ 'အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စုကလည်း ဖိလစ်ပိုင်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်တယ်' ဆိုတဲ့ သတင်းနဲ့ အခြားသတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထား တာပဲ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီလိုပြောဆိုထားတယ်ဆိုတဲ့ အထောက်အထား တစ်စုံတရာ မရှိတဲ့အပြင် သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

မေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့တဲ့အတွက် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းတဝိုက်မှာ မူလသတ်မှတ်ထားတဲ့ လေ့ကျင့်ချိန် လေးရက်ထက် ကျော်လွန်ပြီး အကြီးမားဆုံး စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်နေချိန်မှာ အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂင် ရေတပ်အုပ်စုကလည်း ထိုင်ဝမ်ရေပိုင်နက်တွေ ပါဝင်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် ထိုင်ဝမ်ရေလက်ကြား အဝင်ဝနှင့် ခပ်လှမ်းလှမ်းအကွာမှာသာ နေဖို့ ညွှန်ကြားထားတယ်လို့ ကန်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုထားပါတယ်။

ဒါဟာ အမေရိကန် အိမ်ဖြူတော် တာဝန်ရှိသူတွေအနေနဲ့ တရုတ်ရဲ့ လုပ်ရပ်တွေကို ကြောက်ရွံ့ခြင်း မရှိဘူးလို့ ပြသနေတာဖြစ်သလို၊ တစ်ဖက်မှာလည်း နှစ်နိုင်ငံတင်းမာမှုလျော့ပါးစေဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နယူယောက်စ်တိုင်းမ်းရဲ့ သတင်းတစ်ပုဒ်ကို Myanmar Now သတင်းဌာနမှ ဘာသာပြန်ပြီး ပြန်လည်ဖော်ပြထားပါတယ်။

ဂျွန်ကာဘီအနေနဲ့ အမေရိကန်ရေတပ်သင်္ဘောတွေကို ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းကာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာမှု ပြန်လည်စတင်မယ်လို့ ပြောထားပေမယ့် ရက်အတန်ကြာ အချိန်ယူစောင့်ဆိုင်းနေတာကို ကြည့်ရင် အမေရိကန်ဟာ လက်ရှိ တရုတ်စစ်ရေးလေ့ကျင့်မှုပြီးဆုံးတာကို စောင့်ဆိုင်းနေတာဖြစ်ကြောင်းလည်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။


အမေရိကန်ရဲ့ မူဝါဒဟာ ယူကရိန်းအရေးမှာ လုပ်ခဲ့သလိုမျိုး ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးတာမျိုးလုပ်နိုင်ပေမယ့် အမေရိကန်တပ်တွေ အနေနဲ့ တိုက်ရိုက်ပါဝင်တာမျိုး လုပ်မှာ မဟုတ်ကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။

Myanmar Now မှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Related Stories