HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဦးတေဇ စင်္ကာပူမှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

ခရိုနီသူဌေး ဦးတေဇ စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Oct 2022 1:01 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Best Page ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၂၀ ရက်နေ့က စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ 'ခရိုနီသမားကြီးတွေ ငါးပါးမှောက်ပြီ' လို့ ရေးသားကာ ၈ မိနစ်ကျော်ကြာမြင့်တဲ့ ဗွီဒီယိုရဲ့ ကာဗာမှာတော့ 'ခရိုနီဦးတေဇ စင်္ကာပူမှာ ဖမ်းဆီးခံရ' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုဝင်ကြည့်ရင် 'သတင်းစုံ' ဆိုတဲ့ Youtube ချန်နယ်မှာ တင်ထားတဲ့ ဗွီဒီယိုကို ပြန်လည်ကူးယူ ဖြန့်ဝေထားတာ တွေ့ရပါတယ်။

'သတင်းစုံ' ဆိုတဲ့ Youtube ချန်နယ်ဟာ သတင်းမှားတွေ နေ့စဉ်လုပ်ကြံဖန်တီးပြီး တင်ပေးနေတဲ့ ချန်နယ်ဖြစ်ပြီး ဖေစ့်ဘွတ်ပေါ်က သတင်းမှားဖြန့်ဝေတဲ့ ပေချ့်အများစုဟာ ဒီချန်နယ်က သတင်းတွေကို ကူးယူပြီးပြန်လည်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဒီသတင်းမှာလည်း သတင်းခေါင်းစဉ်မှာ 'ခရိုနီဦးတေဇ စင်္ကာပူမှာ ဖမ်းဆီးခံရ' လို့ ရေးသားထားပေမယ့် အတွင်းမှာတော့ Khit Thit Media မှာ အောက်တိုဘာလ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ 'စီးပွားရေးပိတ်ဆို့ခံရအပြီး စင်္ကာပူ၌ ခိုလှုံလာသည့် မြန်မာခရိုနီသူဌေးများ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်သာဖြစ်ပါတယ်။


Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories