HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘန်ကောက် မြေကျွံမှုက လွတ်မြောက်ခဲ့တဲ့ ကားကို ဒေသခံတွေ အမွှေးတိုင်ထွန်း ပူဇော်နေတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က မြေကျွံကျမှုမှာ ကံကောင်းထောက်မပြီး လွတ်ကင်းခဲ့တဲ့ ကားကို ဘန်ကောက်ရှိ ဒေသခံ တွေက ကံကောင်းစေတယ်ဆိုပြီး အမွှေးတိုင်ထွန်း ပူဇော်ပြီး ကားနံပါတ်ကိုလည်း ထိုင်းထီထိုးဖို့ ရေးပန်းစားနေတယ် ဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 25 Sept 2025 10:03 PM IST

ဒီအကြောင်းအရာကို ဖေစ့်ဘွတ်ပေါ်ရှိ သတင်းဌာန အမည်ခံ ပေချ့်တွေနဲ့ reaction လုပ်နေတဲ့ ပေချ့်အများစုမှာ စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ပစ်ကပ်ကား တစ်စီးဘေးမှာ လူအများ အမွှေးတိုင်၊ အအေးတွေနဲ့ ပူဇော်နေသယောင် ဖန်တီးထားတဲ့ ဓါတ်ပုံ နဲ့ အတူ 'မြေကျွံတာ မပါသွားတဲ့ ကားနံပါတ်နဲ့ကားကို လက်ကီးဆိုပြီးတော့ အမွှေးတိုင်ထွန်းကြလေရဲ့။ ထော်ကိုင်းတို့ရဲ့ ထုံးစံပါပဲ။ 4854ကားနံပါတ်ဟာ ဒီအပတ် ထိုင်းထီထွက်နိုင်ရန် ရေပန်းစားနေသဖြင့် မဲဆောက်မှာလည်း အဲနံပါတ် ရှာဝယ်လို့ မရတော့ကြောင်း သိရပါတယ်။ ဒါနဲ့စကားမစပ် ကားနံပါတ် 4854 ကိုထို:ဖိုးမမေ့နဲ့နော်။ ဒီ ပို့လ်ကို -ရှဲ-ထားနော် လကုန်ရင် ပြန်တွေ့ကြမယ်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဘန်ကောက် မြေကျွံမှုက လွတ်မြောက်ခဲ့တဲ့ ကားကို ဒေသခံတွေ အမွှေးတိုင်ထွန်း ပူဇော်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသား ဖြန့်ဝေထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

အခုဖြန့်ဝေနေတဲ့ ပုံဟာ AI CREATIVES THAILAND ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တဲ့ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။


အထက်ပါ ပုံနှစ်ပုံမှာ ကားဘေးနားက လူတွေရဲ့ ကိုယ်ဟန်အနေအထားတွေ တူနေပေမယ့် ကားနံပါတ် မတူတာ၊ ကားနောက်ဖုံးဖွင့် ထားတာနဲ့ ပိတ်နေတာ မတူတာတွေ တွေ့ရမှာပါ။

ဒီပုံဟာ ထိုင်းလူမှုကွန်ရက်ပေါ်မှာ နောက်ပြောင် ဖြန့်ဝေထေားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။

AI CREATIVES THAILAND ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ ဖြန့်ဝေထားတဲ့ ပုံတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရူ့နိုင်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ကျောက်ဖုရားမြစ်နဲ့ ရွှေနန်းတော်ကြီးအနီးက ဆမ်ဆန်းအရပ်မှာ မီတာ ၅၀ (၁၆၄ ပေ) လောက်နက်ပြီး စတုရန်းမီတာ ၉၀၀ လောက် ကျယ်ဝန်းတဲ့ မြေကျွံကျမှုကြီး စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းတုန်းက ဖြစ်ခဲ့တာပါ။ ဒီတွင်းပေါက်ကြီးဟာ တောင်ဘက် မြေအောက်ရထားလိုင်း ဆောက်လုပ်နေချိန်အတွင်း မြေအောက်က သဲနဲ့ ဖုန်တွေ ရွေ့လျားမှုကြောင့် မြေကျွံကျမှု ဖြစ်ပွားခဲ့တာလို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက စက်တင်ဘာ ၂၄ ရက်မှာ ပြောထားပါတယ်။

Tags:

Related Stories