HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

Tesla ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်အမှားတွေ ပျံ့နှံ့

သန်းကြွယ်သူဌေး Elon Musk ပိုင်ဆိုင်တဲ့ Tesla Company ကနေ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်မျိုး မိတ်ဆက် ထုတ်လုပ်လာတယ်ဆိုတဲ့အကြောင်းအရာတွေကို ဒီရက်ပိုင်းထဲ လူမှုကွန်ရက်အကောင့်တချို့ကနေ ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar | 11 Jun 2022 5:04 PM GMT

ဒီသတင်းအမှားကို ဇွန်လ ၉ ရက်နေ့က စတင်ပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး ဒီလိုဖြန့်ဝေရာမှာ နည်းပညာမြင့် Tesla Pi စမတ်ဖုန်း ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း၊ iPhone 13 X ထက် သာလွန်တဲ့ စွမ်းဆောင်ရည်များစွာပါရှိနေကြောင်း၊ ကမ္ဘာပေါ်က မည်သည့်နေရာ ဒေသမှာမဆို Internet ကို Star Link နဲ့ ဖမ်းယူချိတ်ဆက် အသုံးပြုနိင်မှာဖြစ်ပြီး လျှပ်စစ်မီးမရ ရှိသေးတဲ့ဒေသတွေနဲ့ တောထဲ တောင်ထဲနေရာတွေမှာလည်း Solar စွမ်းအင်ကိုအသုံးပြုကာ charging ပြုလုပ်နိင်ကြောင်း၊ လူရဲ့ ဉီးဏှောက် နဲ့ ဖုန်းကို ချိတ်ဆက်ထားတဲ့အတွက် စိတ်အာရုံပြုရုံနဲ့ ဖုန်းကို စေခိုင်းအသုံးပြုနိုင်ကြောင်း စတဲ့အချက်တွေပါဝင်ပါတယ်။

မူရင်းဖြန့်ဝေမှုတချို့ကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာဟာ နိုင်ငံတကာက လူမှုကွန်ရက်သုံးစွဲသူတွေကြားထဲမှာလည်း ယခင်နှစ်ကတည်းကပျံ့နှံ့ခဲ့ဖူပြီး AFP သတင်းဌာနက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက သတင်းဆန်းစစ်ထားတာရှီပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ တင်ဆက်တဲ့ BOOM ရဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ကတည်းက သတင်းဆန်းစစ်ချက်ကို ဖော်ပြထားပြီး ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ပါ။


ဒီအကြောင်းအရာဟာ Weibo လူမှုမီဒီယာပေါ်မှာ ၂၀၂၁ ခုနှစ် နိုင်ဝင်ဘာလအတွင်းက တရုတ်ဘာသာနဲ့ တင်ထားတဲ့ ဗွီဒီယိုဖိုင်ထဲက အကြောင်းအရာတစ်ခုကို ပြန်လည်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ပါ။ အမှန်တော့ ယခုပြည်တွင်းမှာပျံ့နေတဲ့ အချက်အလက်တွေဟာ  gadgets အသစ်တွေကို စိတ်ကူးပုံဖော်တဲ့ ဒီဇိုင်နာတစ်ယောက်ရဲ့ ကွန်ပျူတာနဲ့ စိတ်ကူးပုံဖော်ထားတဲ့ Video တစ်ခုကို အခြေခံပြီးပြန်လည်ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီးTesla ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာမရှိသလို ဒါဟာ ပထမဆုံးဖြန့်ဝေတာလည်း မဟုတ်ပါဘူး။ ဒီဗွီဒီယိုကို Instagram ပေါ်မှာ imkashama ဆိုတဲ့ အကောင့်ကနေ ၂၀၂၁ ခုနှစ် ဇွန် ၂၈ ရက်နေ့က ဖြန့်ဝေထားတာ တွေ့ရပါတယ်။ ရက်စွဲကို အစိမ်းရောင်နဲ့ ပြသထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။


imkashama ဆိုတဲ့ Instagram အကောင့်မှာ "Apple iCar" လို မထုတ်လုပ်ဖြစ်တဲ့ နည်းပညာထုတ်ကုန် ၂၀ ကျော်ရဲ့ စိတ်ကူးယဉ် ဖန်တီးထားတဲ့ ဗွီဒီယိုတွေလည်း တွေ့ရပါတယ်။


ဒီနေရာ မှာ ကြည့်ရှု့ပါ။

အခုဖြန့်ဝေနေတဲ့ Tesla Pi စမတ်ဖုန်း ထုတ်လုပ်လိုက်ပြီဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။ imkashama ဆိုတဲ့ Instagram အကောင့်မှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်ကို ကူးယူပြီး Weibo လူမှုမီဒီယာပေါ်မှာ လုပ်ကြံရေးသား ဖြန့်ဝေရာက စခဲ့တဲ့ သတင်းဖြစ်ပါတယ်


Related Stories