HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တရားမဝင်ငွေအဖြစ် ကြေငြာတယ်ဆိုတဲ့ သတင်းအမှား

လက်ရှိသုံးစွဲနေတဲ့ငွေစက္ကူတွေသိမ်းဆည်းမယ်ဆိုတဲ့ သတင်းအမှားတွေဟာ ဖေဖော်ဝါရီလကတည်းက ဆက်တိုက်ထွက်ပေါ်နေခဲ့ပြီးလက်ရှိမှာလည်း ဒီလိုထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းအမှားတွေကို ဖြန့်ဝေလျက်ရှိနေပါတယ်။

By - Boom Live Myanmar | 16 Sep 2021 1:32 PM GMT

သြဂုတ်လနောက်ဆုံးအပတ်က စတင်ပြီး လက်ရှိသုံးစွဲနေတဲ့ ကျပ်ငွေတချို့ကို သိမ်းဆည်းမယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်အကောင့်တချို့ နဲ့ သတင်းတု၊ သတင်းမှားတင်းတဲ့ ပေ့ချ်တွေမှာ ရေးသားဖြန့်ဝေမှုတွေပြုလုပ်လာကြပြန်ပါတယ်။

ဒီပို့စ်တွေရဲ့ခောင်းစဉ်တွေမှာ "တရားမဝင်ငွေအဖြစ် ကြေငြာလိုက်ပြီ"  လို့ရေးသားထားတဲ့အပြင် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် ရုပ်ပုံနဲ့အတူ  "ကုမ္ပဏီကြီးတေ ဒုက္ခရောက်နေကြပြီ အသစ်ထုတ်လို့မရတာ့ဘူး" ဆိုတဲ့ ရေးသားမှုတွေနဲ့တွဲဖက်ဖြန့်ဝေမှူတွေတွေံရှိခဲ့ရပါတယ်။

အဲ့ဒီအကြောင်းအရာတွေကို ဝင်ရောက်ဖတ်ရှု့ကြည့်ရင် တချို့ဝက်ဘ်ဆိုက်တွေမှာ ၄ မိနစ်ခွဲခန့်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခု နဲ့အတူ တွဲဖက်ဖြန့်ဝေထားပြီး တချို့ဆိုက်တွေမှာတော့ ၃ မိနစ်ခွဲခန့်ကြာတဲ့ ဗွီဒီယိုဖိုင်တွေ နဲ့တွဲဖက်ဖြန့်ဝေထားတာဖြစ်ပါတယ်။

မူရင်းပို့စ်တွေကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပထမဆုံး Shwe movies ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ဖြန့်ဝေထားတဲ့ ၄ မိနစ်ခွဲခန့်ကြာတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှု့ရာမှာ "ပြည်သူတွေအတွက် သတင်းဆိုးကြီး စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာသွားပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Video ထဲမှာပါဝင်တာက ဖုန်းတစ်လုံးကိုင်ပြီး လူလေးငါးဦးခန့် စကားပြောဆိုနေတဲ့ ဗွီဒီယိုကလစ်တစ်ခုကို ထည့်သွင်းထားတာဖြစ်ပါတယ်။


တကယ်တော့ အဲ့ဒီပိုစ်မှာထည့်သွင်းထားတဲ့ ဗွီဒီယိုကလစ်ဟာ မူရင်းခေါင်းစဉ်မှာ ဖော်ပြထားချက်တွေဟာလည်း ကွဲလွဲနေပြီး လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာ တွေ့ရပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

တခြားဖြန့်ဝေမှုတွေမှာတော့ ၃ မိနစ်ခွဲခန့်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို ပါဝင်ပြီး Video ထဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သြဂုတ်လ ၂၇ ရက်နေ့မှာ ကြေညာထားတဲ့ "ငွေစက္ကူများ တရားမဝင် ရိုက်နှိပ်ထုတ်ဝေခြင်းနှင့် စပ်လျဉ်းသည့်ကြေညာချက်" ပါအကြောင်းအရာတွေကို ပထမ တစ်မိနစ် မိနစ်ကြာချိန်အထိ ပြောကြားထားတာတွေသာ ပါဝင်ပြီး ဖြန့်ဝေရာမှာ ရေးသားထားတဲ့ "တရားမဝင်ငွေအဖြစ် ကြေငြာလိုက်ပြီ" လို့ ဆိုတဲ့အချက်နဲ့ "ကုမ္ပဏီကြီးတေ ဒုက္ခရောက်နေကြပြီ အသစ်ထုတ်လို့မရတာ့ဘူး" စတဲ့အချက်တွေ ပါဝင်ခြင်း မရှိတာကို တွေ့ရပါတယ်။ Video နောက်ပိုင်းမှာတော့ NLD အစိုးရ အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးသတင်း တွေကို ပြောကြားထားတာပါ။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားကတည်းက ငွေကျပ်ငါးထောင်တန်နဲ့ တစ်သောင်းကျပ်တန်တွေကို သိမ်းဆည်းမယ်ဆိုတဲ့သတင်းအမှားတွေမကြာခဏဖြန့်ဝေနေကြတာရှိသလို လက်ရှိအချိန်အထိအဲ့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အမှန်တကယ်သိမ်းဆည်းတာမျိုးနဲ့ သိမ်းဆည်းဖို့အတွက် စစ်ကောင်စီထိန်းချုပ်ခံ ဗဟိုဘဏ်ကလည်းကြေငြာတာမျိုးမရှိသေးပါဘူး။

Related Stories