ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'အီရန်နူးကလီးယားစက်ရုံတွင် အမေရိကန် လေယာဉ်ကြဲချခဲ့သည့်ဗုံးကြောင့်အဆင့်ဆင့်ပေါက် ကွဲနေသည့်မြင်ကွင်း။ အမေရိကန်ဗုံးကြလယောဉ်တွေဟာအီရန်နူးကလီးယား နေရာများဖြစ်သည့် Fordow၊ Natanz နှင့် Esfahan တို့ကို တိုက်ခိုက်ပြီးအီရန်လေကြောင်း၏ အပြင်ဘက်ကိုရောက်ရှိနေပါပြီ။ အဓိက နေရာဖြစ်သော Fordow ကိုတော့ဗုံးအများ အပြားကြဲချခဲ့ကြောင်းသိရပါတယ်။ ကြဲချခဲ့သည့်နူးကလီးယားစက်ရုံတွေဟာ အဆင့်ဆင့် ပေါက်ကွဲနေတာကိုမြင်တွေ့နေရပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့်အကျိုးဆက်တွေအား တင်ဆက်ပေးသွားပါမည်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီဗီဒီယိုဖိုင် မူရင်းဟာ အမေရိကန်တပ်တွေ အီရန်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ နေရာတွေကို ဝင်မတိုက်ခိုက်မီ လွန်ခဲ့တဲ့ ၆ ရက်ခန့်ကတည်းက သတင်းဌာနအချို့မှာ ဖော်ပြနေတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲက မြင်ကွင်းဟာ အီရန်နိုင်ငံ အနောက်မြောက်ပိုင်း Zanjan မြို့ မှာရှိတဲ့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် IRGC အခြေစိုက်စခန်းတွေကို အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်က ပုံရိပ်တွေဖြစ်တယ်လို့ ရုရှားအခြေစိုက် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒီဗီဒီယိုဖိုင်ကို ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေကတည်းက ဆိုရှယ်မီဒီယာနဲ့ အချို့ဝက်ဆိုက်တွေမှာ တွေ့နေရတာဖြစ်ပြီး အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်တာကတော့ ဇွန်လ ၂၁ ရက်နေ့ မှာ ဖြစ်ပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။