HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းနိုင်ငံက ဦးခေါင်းသုံးလုံးနဲ့ ဆင်ဆိုတာ အစစ်မဟုတ်ပါ

ဦးခေါင်းသုံးလုံးပါတဲ့ ဆင်ဖြူကို တွေ့ဖူးအောင်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲက ဆင်ဟာ ထိုင်းနိုင်ငံရဲ့ ပွဲတစ်ခုထဲက လူတွေဖန်တီးထားတဲ့ သာမန်ဆင်တစ်ကောင်သာ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Jun 2023 8:23 AM GMT

ဒီအကြောင်းအရာကို Hkun Jyar Htun ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ့ ဧပြီလ ၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ယနေ့တိုင် ထပ်မံဖြန့်ဝေမှုတွေ ရှိနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ထားတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ခေါင်းသုံးလုံးပါ ဆင်တစ်ကောင်ပေါ်မှာ နန်းဝတ်နန်းစားနဲ့ ထိုင်လိုက်ပါလာတဲ့ လူတစ်ဦးစီနင်းလာတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ဦးခေါင်း (၃) လုံး ရှိသော ဆင်ဖြူရှင်ကို တွေ့ဖူးအောင်လို့ပါ’ လို့ ရေးသားထားပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကတော့ ထိုင်းနိုင်ငံက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားထဲမှာ ပထမဆုံးပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။ nont_na_nont ဆိုတဲ့ Tiktok အသုံးပြုသူတစ်ဦးက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး လေးကြိမ်မြောက် Krungsri Khon ပွဲတော် (ရာမာရဏပွဲတော်) မှာ မြင်ရတဲ့ ခေါင်းသုံးလုံးနဲ့ ဆင်ဖြူတော်လို့ ရေးသားဖြန့်ဝေခဲ့တာပါ။သူ့ရဲ့ ဖြန့်ဝေမှုကို ကြည့်ရှု့သူ သန်းချီရှိခဲ့ပြီး ပြန်လည်ဖြန့်ဝေမှု အများအပြားလည်း ရှိခဲ့ပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့ပါ။

မြန်မာနိုင်ငံမှာ ရာမယဏပွဲတော် လို့ လူသိတဲ့ ထိုင်းဘာသာနဲ့ “Khon Krungsri” ဆိုတဲ့ ပွဲတော်ကို မတ်လ ၃၀ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ အယုဒ္ဓယလမ်းမတွေပေါ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီထဲမှာ အလှပြစီတန်းလှည့်လည်တာတွေ၊ ရာမာရဏဇာတ်တော်နဲ့ ပက်သက်တဲ့ အကတွေ၊ ဇာတ်လမ်းတွေလည်း ပါဝင်ပါတယ်။

အခုဖြန့်ဝေနေတဲ့ ခေါင်း ၃ လုံးနဲ့ ဆင်ဖြူတော်ဆိုတာ သာမာန်ဆင်တစ်ကောင်ကို လူတွေက အလှပြရာမှာ အသုံးပြုဘို့ ပြင်ဆင် ထားတာပဲ ဖြစ်ပါတယ်။

ဒီဖြန့်ဝေမှုကြောင့် ထိုင်းနိုင်ငံက အင်တာနက်အသုံးပြုသူတွေ ကြားမှာလည်း စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး အချို့ထိုင်းဘာသာနဲ့ ဖြန့်ဝေတဲ့ ဝက်ဆိုက်တွေမှာ ဒီဗွီဒီယိုနဲ့ ပက်သက်ပြီး ပြန်လည်ဖြေရှင်းထားတာတွေလည်း ရှိပါတယ်။


ထိုင်းဘာသာနဲ့ ပြန်လည်ဖြေရှင်းထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Related Stories