HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါက်တာဇော်ဝေစိုးက ခြိမ်းခြောက်တယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အတု

မြဝတီရုပ်သံက ဇွန်လ ၈ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဖောက်ခွဲမှုတွေ၊ အဆိပ်ခတ်လုပ်ကြံမှုတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်တယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကို ဆက်တိုက်ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 21 Jun 2021 4:40 AM GMT

ဒီဗီဒီယိုဖိုင်ကို Shwe Yee ဆိုတဲ့ YouTube ချန်နယ်မှာ ဇွန်လ ၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး မြန်မာ့အသံနဲ့ မြဝတီရုပ်မြင်သံကြားမှာ ဇန်လ ၈ ရက်နေ့ ည ၈နာရီ သတင်းအစီအစဉ်မှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။စတင်ဖြန့်ဝေခဲ့တဲ့ YouTube က ဗွီဒီယိုဖိုင်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဗီဒီယိုဖိုင်ကို "ဒေါက်တာဇော်ဝေစိုး၏ ပြည်သူကို ခြိမ်းခြောက်ပြောဆိုမှုထုတ်ပြန်ချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ဝေတာဖြစ်ပြီး ဒေါက်တာဇော်ဝေစိုးပြောထားတယ်ဆိုတဲ့ "အိတ်သေးသေးလေးထဲဘာတွေပါလဲဆိုတာ တခါတလေ ကျတော့ ဖွင့်ကြည့်လိုက်တာနဲ့ကိစ္စကုန်သွားမယ်ဟာတွေ ထည့်ထားတယ်၊ စားစရာတွေရလို့ သွားမစားနဲ့ အဆိပ်ပါတဲ့အစားအစာတွေ ကျနော်တို့ စီစဉ်ထားတယ်။ ဆရာဝန်တစ်ဦးဖြစ်လို့ လူမသတ်ချင်ပေမယ့်လည်း တွန်းပို့သူတွေရှိလို့လုပ်နေရတာပါ" ဆိုတဲ့ ပြောဆိုထားဟန်ကို ဖန်တီးပြုလုပ်ထားတဲ့ စက္ကန့် ၃၀ ခန့်ကြာမြင့်တဲ့ ဗွီဒီယိုကလစ်တစ်ခုဖြစ်ပါတယ်။

ဖြန့်ဝေနေမှုတွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာ့အသံနဲ့ မြဝတီရုပ်မြင်သံကြားမှာ ထုတ်လွင့်ပြသခဲ့တဲ့ ဒီဗွီဒီယိုဖိုင်ဟာ ဖြတ်ကပ်ညှပ်ပြုလုပ်ထားတဲ့ ဗွီဒီယိုဖိုင် တစ်ခုသာဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေ အကြမ်းဖက်တိုက်ခိုက်လို့ စစ်ပြေးရှောင်နေရတဲ့ ချင်းပြည်နယ် မင်းတပ်က ဒုက္ခသည်တွေအတွက် အစာနဲ့ဆေး ကူညီဖို့ Zoom meeting မှာ ပြောထားခဲ့တဲ့ ဒေါက်တာဇော်ဝေစိုးရဲ့ စကားတွေကို ဖြတ်ညှပ်ကပ်လုပ်ထားခြင်းသာ ဖြစ်တယ်ဆိုတဲ့အကြောင်း Mizzima သတင်းဌာနရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ဇွန်လ ၉ ရက်နေ့ကတည်းက ဖော်ပြထားခဲ့ပါတယ်။


 Mizzima သတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories