HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေ ထောက်ပံ့ကြေးမလုံလောက်လို့ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတဲ့သတင်းအတု

CDM ပြုလုပ်ထားသူတွေနဲ့ PDF တွေ ထောက်ပံ့ကြေးမလုံလောက်လို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အသိပေးဖို့ ရေးသားထားတယ်ဆိုတဲ့ ရုံးစာအတု တစ်စောင်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 9 Jan 2022 7:30 AM GMT

အဆိုပါ ရုံးစာအတုကို ဇန်နဝါရီလ ၂ ရက်နေ့က ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေထားတာဖြစ်ကာ ၎င်းစာထဲမှာ တောင်ပိုင်းတိုင် စစ်ဌာနချုပ်ဖြစ်မြောက်ရေးကော်မတီ က တာဝန်ခံအရာရှိထံသို့ လို့ လိပ်မူပြီး "လက်အောက်တပ်ဖွဲ့ဝင်များအား အသိပေး ရှင်းလင်းပြောကြားရန်နှင့် ထိန်းသိမ်းနိုင်ရေး" လို့ ရေးသားထားပါတယ်။ ၎င်းစာရဲ့ အတွင်းမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့က NUG ခေါင်းဆောင်တွေ တည်းခိုရာနေရာမှာ CDM ဝန်ထမ်းတွေနဲ့ PDF တွေ ရိက္ခာမလုံလောက်လို့ ခိုက်ရန်ဖြစ်ပွားခဲ့ကာ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း၊ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး NUG က စိတ်မကောင်းဖြစ်ခဲ့ရကြောင်း အဆိုပါ ကိစ္စရပ်တွေ ရှောင်ရှားစေလိုကြောင်း၊ NUG ဟာ တစ်ဖက်နိုင်ငံမှာ ထောက်ခံချက်နဲ့ နေထိုင်နေရတာ ဖြစ်ပြီး ယခုကဲ့သို့ ပြဿနာတွေဟာ အထင်သေးခံရနိုင်ကြောင်း၊ CDM ဝန်ထမ်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေအပေါ် ယခုလို ကိစ္စမျိုး ထပ်မံဖြစ်ပွားပါက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ကာယကံရှင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

မူရင်း ဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ စစ်ကောင်စီ ထောက်ခံသူတွေရှိတဲ့ Group တွေထဲ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းဆန်းစစ်ချက်

CDM ပြုလုပ်ထားသူတွေနဲ့ PDF တွေ ထောက်ပံ့ကြေးမလုံလောက်လို့ မဲဆောက်မြို့မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အသိပေးဖို့ ရေးသားထားတယ်ဆိုတဲ့ ရုံးစာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားသက်သက် ဖြစ်တာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံထဲမှာ CDM ဝန်ထမ်းတွေနဲ့ PDF တွေ ခိုက်ရန်ဖြစ်ပွားချင်းလည်း မရှိသလို ထိုင်းရဲတပ်ဖွဲ့ကလည်း တစ်စုံတစ်ရာ ပါဝင်ထားခြင်း မရှိပါဘူး။ ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း မည်သည့်သတိပေးစာမှ ပို့ပေးထားခြင်း မရှိပါဘူး။ ၎င်းစာနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက "လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အောက်ဖော်ပြပါစာသည် အတုဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ" လို့ အသိပေးရေးသားထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပါ။


သတင်းအမှားဖြန့်ခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်းဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးနေသူတွေဖြစ်ကာ NUG၊ CRPH နဲ့ PDF တို့ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။

Related Stories