HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လက်နက်ကိုင် အင်အားငါးသိန်းနဲ့ ရန်ကုန်ကို စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းအတု

တိုင်းရင်းသား လက်နတ်ကိုင် အင်အားငါးသိန်းနဲ့ ရန်ကုန်ကို စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းအတုတွေလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပြီး ဒီအကြောင်းအရာကိုလူပေါင်းများစွာက ထပ်ဆင့်ဖြန့်ဝေထားကြပါတယ်။

By - Boom Live Myanmar | 28 Jun 2022 2:20 PM GMT

အဆိုပါ သတင်းအတုကို PDF သတင်းထူး ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၂၅ ရက်နေ့ ကစတင်ဖြန့်ဝေထားတာဖြစ်ပြီ သတင်းအမှားကို ဖြန့်ဝေရာမှာ Website တစ်ခုရဲ့ link ကိုတင်ထားပြီး "ဒီညရန်ကုန်ကိုစစ်ကြောင်းထိုးမယ်တဲ့ဟေ့"ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

website link ရဲ့ feature photo လို့ခေါ်တဲ့ ဗီဒီယိုမှာပေါ်တဲ့ပုံပေါ်မှာတော့ "၂၄ ရက်နေ့ အရေးပေါ်သတင်း၊ တိုင်းရင်းသားလက်နတ်ကိုင် အင်အား ၅ သိန်းကျော် ဒီည ရန်ကုန်မြို့ကို စစ်ကြောင်းထိုးမည်။ Rfa အရေးပေါ် ကြေငြာပြီ" လို့ ရေးသားထားပါတယ်။ ၎င်း website ထဲ ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ၁၀ မိနစ်နဲ့ ၂၀ စက္ကန့်ရှိတဲ့ YouTube Video တစ်ပုဒ် တင်ထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်ပေါ်မှာ Like လုပ်ထားသူ ၁၁၀၀၀ ကျော်နဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၄၀၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

သတင်းအမှားထဲမှာ လက်နက်ကိုင်အင်အား ၅ သိန်းနဲ့ ရန်ကုန်ကို ဝင်သိမ်းတော့မယ်လို့ ဖြန့်ထားပေမယ့် ၎င်းတင်ထားတဲ့ YouTube Video အတွင်းမှာတော့ အဆိုပါ အကြောင်းအရာ လုံးဝ မပါဝင်ပါဘူး။ အဲ့ဒီ YouTube Video ထဲမှာ "စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားဆိုတဲ့ သတင်း၊ ဆိုက်ခေါင်မှာ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်တဲ့ PNO တပ်ဖွဲ့ဝင်ကို အရေးမယူတဲ့အပေါ် ပအိုဝ်းအမျိုးသား နိုင်ငံရေးအတိုင်ပင်ခံကော်မတီ ရှုတ်ချဆိုတဲ့ သတင်း၊ မြန်မာမှာ လေယာဉ်မပျံ့သန်းရဇုန် No Air fly zone သတ်မှတ်ပေးရေး NUG ဝန်ကြီးချုပ်က အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံကိုပြောဆို ဆိုတဲ့သတင်း …" စတဲ့ အကြောင်းအရာ တွေကိုသာ တင်ထားပါတယ်။

၎င်း YouTube Video ထဲမှာ ရန်ကုန်ကို တိုင်းရင်းသားလက်နက်ကိုင် အင်အား ၅ သိန်းနဲ့ ထိုးစစ်ဆင်မယ့်အကြောင်းအရာ မပါဝင်သလို အဆိုပါ သတင်းကို RFA သတင်းဌာနကလည်း ရေးသားထားခြင်း မရှိပါဘူး။

သတင်းအမှားဖြန့်တဲ့အဖွဲ့က ၎င်းတို့ Video ကို ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတာဖြစ်ပြီး အဆိုပါ အဖွဲ့ဟာ ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ Clickbait သတင်းတွေသာ တင်တာကို တွေ့ရပါတယ်။

Related Stories