အဆိုပါ သတင်းအတုကို Freedom News Group ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုက ဇူလိုင်လ ၁၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ “မြန်မာ စစ်ခေါင်းဆောင် ရဲ့ သမ္မတ ထရမ့် ထံပေးစာ ကို အမေရိကန် ရုပ်သံ တွေ မှာ တစ်ခဲ နက် ထုတ်လွှင့် ပြသ၊ မြန်မာ ကို အခွန် လျှော့ ပေါ့ ပေး မယ် လို့ သိရ၊ သမ္မတ ထရမ့် ကို ဆင်ဖြူတော် လက်ဆောင် ပို့မယ် လို့ ဆို ၊ မဲခိုးမှု ကို ဘဝ အပျက်ခံ ပြီး တော်လှန်ခဲ့ ရ သူ တွေ ပါ ဆို တဲ့ အပြော ကို အမေရိကန် ကွန်ဆာဗေးတဗ် တွေ သဘောတွေ့ ….” စတဲ့ လွဲမှားနေတဲ့ အချက်ပေါင်းများစွာနဲ့ ရေးသားဖော်ပြထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ထပ်ဆင့်ဝေမျှထားသူ ရာနဲ့ချီပြီး ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန် သမ္မတ ထရမ့်က မြန်မာကို အခွန်လျော့ပေးတယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
Freedom News Group က တင်ထားတဲ့ ဖော်ပြထားတဲ့ အကြောင်းအရာဟာ အချက်အလက် အမှား များစွာနဲ့ လုပ်ကြံရေးသားထားခြင်းတွေသာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ US က အခွန်ငွေတွေ တိုးမြင့်ကောက်ခံမှုအပေါ် အခွင့်ကောင်းယူကာ သံတမန် ဆက်သွယ်ရေးနဲ့ အမေရိကန်နိုင်ငံထံ စာပို့ခဲ့ပါတယ်။
စစ်ကောင်စီက ဒီလို စာပို့ခဲ့ပေမယ့်လည်း မြန်မာအပေါ် အခွန် ၄၀% နှုန်း ကောက်ခံမယ်လို့ US က ကြေညာထားပါတယ်။
ဒီစာအပေါ် CNN ကလည်း စစ်ခေါင်းဆောင်ဟာ အခွန်တိုးမြင့်ကောက်ခံမှုကို ပျော်နေတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ သရော်ပြီး သတင်းရေးသားထားခြင်းသာ ရှိပါတယ်။ စစ်ခေါင်းဆောင်ရဲ့ စာကို မည်သည့် အမေရိကန် ရုပ်သံတွေမှာမှ တစ်ခဲနက် ထုတ်လွှင့်ပြသနေခြင်း မရှိပါဘူး။
ထရမ့်ဘက်ကလည်း ဒီစာအပေါ် တစ်စုံတစ်ရာ ပြန်ကြားခြင်း ပြောထားခြင်း မရှိကာ အမေရိကန်က ပိတ်ဆို့ အရေးယူထားတဲ့ စစ်ဗိုလ်ချုပ်တစ်ချို့ကို US က ဖြေလျော့ပေးမှုတွေတော့ ရှိခဲ့ပါတယ်။ ဒီလို အေခြအနေတွေ အေပါ် သတင်းအမှားတင်ထားတဲ့ Page မှာတော့ ထရမ့်က အခွန်လျှော့ချပေးလိုက်ပြီလို့ ရေးသားထားပါတယ်။
သတင်းအမှား ဖြန့်ထားတဲ့ Page ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ Facebook Page အတုဖြစ်တာကို တွေ့ရပြီး ဝါဒဖြန့် သတင်းတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။