အဆိုပါ သတင်းအတုကို Tik Tok အကောင့်တစ်ခုက လူမှုကွန်ယက်ပေါ် ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ သက်မွန်မြင့်ရဲ့ ဓါတ်ပုံတွေနဲ့ ပြုလုပ်ထားတဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံ ဓါတ်ပုံတွေ ပေါ်မှာ သက်မွန်မြင့်ဟာ ကင်ဆာရောဂါ နောက်ဆုံး အဆင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ နောက်ဆို ပရိတ်သတ်တွေနဲ့ တွေ့ရတော့မှာ မဟုတ်ကြောင်း၊ ဒါကြောင့် Video တင်ထားတဲ့ အကောင့်ကို Follow လုပ်ထားပေးကြဖို့ ရေးသားထားပါတယ်။ ဒီလို ကင်ဆာနောက်ဆုံးအဆင့်ဆိုတဲ့ Video တွေကို တစ်ခြား Acc တွေနဲ့ကလည်း ဖြန့်ထားကြပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို TikTok ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ သိန်းဂဏာန်းအထိ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
သရုပ်ဆောင် သက်မွန်မြင့် ကင်ဆာရောဂါ နောက်ဆုံးအဆင့် ရောက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
သက်မွန်မြင့်ဟာ အရေပြား လေးဘက်နာ ရောဂါကို ခံစားနေရတာဖြစ်ပြီး ကင်ဆာရောဂါ ဖြစ်နေတာ မဟုတ်ပါဘူး။ ဒီအကြောင်းအရာဟာသတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြော င်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထာ းတဲ့အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



