HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အမေရိကန်က NUG ကို စစ်ရေးအရ ကူညီမယ်ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွတ်ပေးရင် အမေရိကန်က NUG ကို စစ်ရေးအရ ကူညီမယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 10 Nov 2025 1:57 PM IST

အဆိုပါ သတင်းအတုကို Tik Tok အကောင့်တစ်ခုက လူမှုကွန်ယက်ပေါ် ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ နဲ့ ၎င်းနဲ့အတူ တွဲရိုက်ထားတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဒီ Video ပေါ်မှာ “အမေစုကို ပြန်မလွတ်ပေးပါက အမေရိကန်မှ လေယာဉ်တွေကို ထောက်ပံ့ပေးတော့မည်ဟု တရားဝင် ထုတ်ပြန်လိုက်ပြီ၊ အမေစုကို မလွတ်ပေးလို့ NUG ကို ထရမ့် စစ်ရေးကူညီပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို TikTok ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အောင်ဆန်းစုကြည်ကို ပြန်မလွတ်ပေးရင် အမေရိကန်က NUG ကို စစ်ရေးအရ ကူညီမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အမေရိကန်ဟာ ယခင်သမ္မတလက်ထက်ကနေ အခုချိန်ထိ မြန်မာအပေါ် စစ်ရေးမဟုတ်တဲ့ အကူအညီတွေ ပေးတာ၊ စစ်တပ်အပေါ် အရေးယူပိတ်ဆို့တာတွေ ရှိပေမယ့် NUG အပါအဝင် မည်သည့် တော်လှန်ရေး အဖွဲ့ကိုမှ စစ်ရေးအရ ကူညီတာ မရှိပါဘူး။ ဒီအကြောင်းအရာဟာသတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထာ းတဲ့အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းတွေ ကြည့်ရှုသူ အရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories