HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းစစ်တပ်က တရားမဝင် ရောက်ရှိလာသူတွေကို နယ်စပ်မှာ ပစ်သတ်တယ်ဆိုတဲ့ သတင်းအတု

ထိုင်းစစ်တပ်က တရားမဝင် ရောက်ရှိလာတဲ့ လူငယ်တွေကို နယ်စပ်မှာ ပစ်သတ်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 March 2024 2:54 PM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဗိုလ်ချုပ်တစ်ယောက် ပါဝင်တဲ့ ဓါတ်ပုံရယ် ဖမ်းဆီးခံထားရတဲ့သူတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ထိုင်းစစ်တပ် ခွေးဇာတ်ခင်းပြီ။ ခိုးဝင်လာတဲ့ လူငယ် ၂၃ ဦး နယ်စပ်မှာ ပစ်သတ် ရုပ်သံ နှလုံးရောဂါရှိရင် မကြည့်ရ။ မအလနဲ့ ပေါင်းပြီး ပြည်သူတွေကို သတ်နေပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၂၀၀၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်းစစ်တပ်က တရားမဝင် ရောက်ရှိလာတဲ့ လူငယ်တွေကို နယ်စပ်မှာ ပစ်သတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းက လူငယ်တွေ နိုင်ငံခြားကို ထွက်ခွာမှုတွေ မြင့်တက်နေပါတယ်။ ဒီလို ထွက်ခွာကြရာမှာ တရားဝင် လမ်းကြောင်းက သွားတဲ့သူတွေ ရှိသလို အောက်လမ်းကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေလည်း ရှိပါတယ်။ နယ်စပ်က ဖြတ်ကျော်ဝင်ရောက်သူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတဲ့အခါမှာ ထောင်ဒဏ် ၄၅ ရက်ကနေ ၃ လ အထိ ချခံရနိုင်ပါတယ်။ ဒါပေမယ့် သတင်းအမှားထဲမှာ ရေးသားသလို ဖမ်းမိတဲ့သူတွေကို ထိုင်းစစ်တပ်က ပစ်သတ်ခြင်း မရှိလို လူငယ် ၂၃ ဦး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်လည်း မရှိပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories