HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG ရဲ့ နောက်မှာ OIC အဖွဲ့ရှိတယ်ဆိုပြီး ဖြန့်ထားတဲ့ သတင်းအတု

NUG ရဲ့ နောက်မှာ OIC အဖွဲ့ရှိတယ်ဆိုပြီး ဖြန့်ထားတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Oct 2025 9:33 PM IST

အဆိုပါ သတင်းအတုကို Ko Zaw Gyi ဆိုတဲ့ TikTok အကောင့် တစ်ခုက ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ မလေးရှားဝန်ကြီးရဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ မလေးရှားဝန်ကြီးချုပ်က ရွေးကောက်ပွဲ မတိုင်မီ တော်လှန်ရေးအဖွဲ့တွေကို မလေးမှာ ခေါ်တွေ့မှာ ဖြစ်ကြောင်း “NUG ၊ CRPH ၊ NLD တွေရဲ့နောက်က OIC အစ္စလာမ်နိုင်ငံတွေ ရှိနေတာ သေချာတယ်။ မလေးရှားက အထူးအလေးထား လုပ်ဆောင်နေတယ်” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို TikTok ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

NUG ရဲ့ နောက်မှာ OIC အဖွဲ့ရှိတယ်ဆိုပြီး ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

NUG နဲ့ CRPH တို့ဟာ မလေးရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပေမယ့် OIC အဖွဲ့က ၎င်းတို့ကို ထောက်ပံ့နေခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူက ဘာသာရေး သွေးထိုးလှုံ့ဆော်ဖို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင်ဒီအကြော င်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထာ းတဲ့အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တာ ဖြစ်တာကို တွေ့ရပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းတွေ၊ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်နေတဲ့ သတင်းအမှားတွေ ဖြန့်နေတဲ့ အဖွဲ့ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories