HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လက်နက်ကိုင် အားလုံးနဲ့တွေ့ပြီး အာဏာလွဲဖို့ စစ်ကောင်စီခေါင်းဆောင် လက်မှတ်ထိုးပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်နက်အဖွဲအားလုံးနဲ့ တွေ့ဆုံပြီး အာဏာလွှဲဖို့ လက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 March 2023 3:43 PM GMT

အဆိုပါ သတင်းအတုကို Bro Than ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၃ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တစ်ခြားသူတွေပါဝင်တဲ့ပုံ တစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “လက်နက်ကိုင် အားလုံးနဲ့တွေ့ပြီး အာဏာလွှဲဖို့ မင်းအောင်လှိုင် လက်မှတ်ထိုးပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်နဲ့ YouTube ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင်က လက်နက်ကိုင်တွေနဲ့ တွေ့ဆုံပြီး အာဏာလွဲဖို့ လက်မှတ်ထိုးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ လက်နက်ကိုင်အဖွဲတွေနဲ့ ထိတွေ့တိုက်ပွဲပုံမှန်ဖြစ်နေပြီး အာဏာပြန်လွဲဖို့လည်း အစီအစဉ်မရှိသလို လက်မှတ်ရေးထိုးထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ YouTube Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ မြန်မာပြည်နယ် ဖွဲ့မယ့် အကြောင်းအရာကိုသာ ပြောဆိုထားပါတယ်။ အာဏာလွဲမယ့် ကိစ္စမပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှုသူရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories