HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်တစ်မြို့လုံး အနီရောင်မျဉ်းတားထားတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်မှာ လူအယောက် ၂၀ ကျော် ကားကြိတ်ခံရပြီး UG တွေ သွေးကြွေးပြန်ယူတော့မှာဖြစ်လို့ တစ်မြို့လုံး အနီရောင်မျဉ်းတွေ တားထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Sep 2022 1:07 PM GMT

အဆိုပါ သတင်းအမှားကို HT news ဆိုတဲ့ page က စက်တင်လာလ ၁၈ ရက်နေ့မှာ တင်ထားတာ ဖြစ်ပြီး ၎င်းသတင်းအမှားကို ဖန်တီးရာမှာ ၂၅ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တင်ထားပါတယ်။ ဒီ Video ကိုပြုလုပ်ရာမှာ ယခင်ရန်ကုန်မြို့က အမျိုးသားရေးသမားတွေက ဒီမိုကရေစီလိုလားသူတွေကို ရန်ရှာပြီး လိုက်လံ ရိုက်နှက်ဖို့ ကြိုးစားနေတဲ့ ဓါတ်ပုံအဟောင်းတွေ အသုံးပြုထားပြီး ၎င်းဓါတ်ပုံအပေါ်မှာ "ည ၆ နာရီ အရေးပေါ်သတင်း လူသတ်ကုန်ကြပြီကွာ။ အခုနားက ကားနဲ့ အယောက် ၂၀ ကျော် အကြိတ်ခံရပြီ။ UG တွေ ဒီည သွေးကြွေးပြန်ယူမယ်တဲ့၊ ရန်ကုန်တစ်မြို့လုံးကို အနီရောင်မျဉ်း တားထားပြီ" လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "မိုးချုပ်ခါဆဲဆဲမှာ အကုန်သာ အသေသတ်လိုက်ကြပါတော့" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Facebook ပေါ်မှာ ဖြန့်ဝေထားသလို တော်လှန်ရေးသတင်းဆိုတဲ့ YouTube ချန်နယ်တစ်ခုကလည်း တင်ထားပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန်မှာ လူအယောက် ၂၀ ကျော် ကားနဲ့ ကြိတ်ခံရပြီး UG တွေ သွေးကြွေးပြန်တောင်းမယ်ဖြစ်ကာ တစ်မြို့လုံး အနီရောင် မျဉ်းတွေ တားထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားထဲမှာ ရန်ကုန်မြို့မှာ လူ အယောက် ၂၀ ခန့်ကို ကားနဲ့တက်ကြိတ်တယ်၊ ရန်ကုန်မြို့ကြီး အနီရောင် အဆင့်ရောက်နေပြီတို့ ရေးသားထားပေမယ့် ၎င်း တို့ ပြုလုပ်ထားတဲ့ Video အတွင်းမှာတော့ ပန်ဆယ်လိုရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ live လွှင့်ထားတဲ့ Video ကိုသာ ဖော်ပြထားပါတယ်။ ဒီ Video ထဲမှာ ၎င်းရေးသားထားတဲ့ အကြောင်းအရာတွေ တစ်ခုမှ မပါဝင်သလို ရန်ကုန်မှာ လူ ၂၀ ခန့်ကို ကားနဲ့ တက်ကြိတ်တဲ့ဖြစ်စဉ်လည်း မရှိပါဘူး။ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ရန်ကုန်မြို့ရဲ့ တစ်ချို့နေရာတွေမှာ လုံခြုံရေးဂိတ်တွေ ကြိုးအနီတွေ တားထားပေမယ့် ရန်ကုန်တစ်မြို့လုံး မျဉ်းအနီတားထားခြင်းလည်း မရှိပါဘူး။

ဒီ Video ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းရဲ့ ခေါင်းစဉ်မှာ လုပ်ကြံရေးသားထားပြီး ဝင်ရောက်ကြည့်ရှု့သူအရေအတွက်က ဝင်ငွေပြန်ရအောင် ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

Related Stories