HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကရင်ပြည်နယ်ကို ထိုင်းက အပိုင်သိမ်းဖို့ ထိုင်းက စစ်ကြေညာတယ်ဆိုတဲ့ သတင်းအတု

ကရင်ပြည်နယ်ကို ထိုင်းက အပိုင်သိမ်းဖို့ ထိုင်းစစ်ဦးစီးချုပ်က စစ်ကြေညာပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Feb 2023 3:58 PM GMT

အဆိုပါ သတင်းအတုကို Record Esports ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြန့်ဝေထားပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ထိုင်းစစ်ဦးစီးချုပ်ရဲ့ ဓါတ်ပုံရယ် စစ်ကောင်စီခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်ကို ပူးတွဲဖော်ပြထားပါတယ်။ ဓါတ်ပုံပေါ်မှာ “မြန်မာစစ်တပ်က သူ့ပြည်သူတွေကို ဆက်သတ်နေရင် ကရင်ပြည်ကို ထိုင်းက အပိုင်သိမ်းမည်။ ထိုင်းစစ်ချုပ် စစ်ကြေညာပြီဟေ့” လို့ ရေးသားထားပါတယ်။ ဒီ Video မှာ “ကရင်ပြည်သူ စစ်ဘေးရောက်နေတာ ထိုင်မကြည့် နိုင်တော့ဘူးတဲ့ဟေ့” (မူရင်းရေးသားထားသည့်အတိုင်း) လို့ရေးသားကာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ ၁၇၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၉၃၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖော်ပြထားကြပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာစစ်တပ်က ပြည်သူတွေကို သတ်နေလို့ ကရင်ပြည်နယ်ကို ထိုင်းနိုင်ငံက သိမ်းပိုက်ဖို့ စစ်ကြေညာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ထိုင်းစစ်ဦးစီးချုပ်က ကရင်ပြည်နယ်ကို သိမ်းဖို့လည်း မပြောထားသလို စစ်လည်းကြေညာထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှား Video အထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ video ထဲမှာ တိုက်ပွဲကြောင့် မြန်မာဘက်က ထွက်ပြေးလာသူတွေအတွက် ထိုင်းစစ်တပ်က အန္တရာယ်ကင်းဇုန် သတ်မှတ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်း အကြောင်းအရာတွေသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories