HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အဆိုတော်အောင်လ လက်လုပ်ဗုံး ပြုလုပ်ရင်းပေါက်ကွဲတယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ အဆိုတော်အောင်လ လက်လုပ်ဗုံး မတော်တဆပေါက်ကွဲရာက ဒဏ်ရာရရှိခဲ့တယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar | 30 July 2021 4:06 AM GMT

အဆိုပါ သတင်းအမှားကို Htet Kaung San ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိူင်လ ၂၇ ရက်နေ့မှာ ""S.I.Rထဲက နောက်တစ်ယောက်မဆုံးရှုံးချင်ဘူး။ အောင်လ "Reason" လက်လုပ်ဗုံးစမ်းသပ်ရင်းထိခိုက်မိတာလို့သိရပါတယ်။ အမြန်ဆုံးသက်သာပါစေ ကိုအောင်လ" လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတင်းအမှားကို နေ့စဉ်သတင်းစုံ ဆိုတဲ့ Facebook ပေ့ချ်တစ်ခုက ၎င်းတို့ရဲ့ ဝဘ်ဆိုဒ်မှာ "အဆိုတော်အောင်လ လက်လုပ်ဗုံးလုပ်ရင်း ပေါက်ကွဲ ဗီဒီယိုဖိုင်" လို့ ရေးထားပြီး ထပ်မံဖြန့်ဝေထားပါတယ်။

မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

အဆိုတော်အောင်လ လက်လုပ်ဗုံး စမ်းသပ်ရင်း ပေါက်ကွဲတယ် ဆိုတဲ့ အကြောင်အရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်၊ အဆိုတော်ဝိုင်းစုခိုင်သိန်းက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ "ကိုအောင်လ ဘာမှမဖြစ်ပါဘူး Covid ဖြစ်နေတာကလွဲရင် အကောင်းကြီးပါ။ ဗုံးလဲမပေါက်ပါဘူး။covid ဖြစ်လို့ရော မဖြစ်ခင်တည်းက အပြင်ကို မထွက်ဖြစ်တာ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံးသိမှာ လိမ်လို့ရတဲ့အရာလည်းမဟုတ်ဘူး။ သေချာ ရေရာမသိပဲ တင်ချင်ရာတွေ ခေါင်းစဉ်တပ်ပြီး လျှောက်မတင်ကြပါနဲ့တော့။ လာမေးကြတာကိုပြန်ဖြေရတာနဲ့တင်မောလွန်းလို့ပါ" လို့ ဖြေရှင်းထားပါတယ်။

ဝိုင်းစုခိုင်သိန်း ၎င်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။


ဒီသတင်းအမှားကို ထပ်မံဖြန့်ဝေခဲ့တဲ့ နေ့စဉ်သတင်းစုံ ဆိုတဲ့ Website ကို ဝင်ရော စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ သတင်းတွေတင်ပြီး ပိုက်ဆံရှာနေတဲ့ Website ဖြစ်ကြောင်း တွေ့ရပါတယ်။

Related Stories