HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေက မဲဆောက်ဆေးရုံမှာ ပစ္စည်းတွေခိုးလို့ဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

မဲဆောက်မှာ ဆေးရုံတက်နေတဲ့ PDF တွေက ဆေးရုံက ဖုန်းနဲ့တန်ဖိုးကြီး ပစ္စည်းတွေခိုးလို့ ထိုင်းရဲတွေက ဖမ်းထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 26 April 2024 5:00 AM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ထိခိုက် ဒဏ်ရာရတဲ့ အကြမ်းဖက် KNU+PDF များဟာ မဲဆောက်ဆေးရုံမှာ ဆေးရုံတက်နေစဉ် ပြည်သူများရဲ့ ဖုန်းနဲ့တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသည့်အတွက် ထိုင်းရဲများမှ ဖမ်းဆီးထားကြောင်း သိရ” (အသုံးအနှုန်း မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

မဲဆောက်မှာ ဆေးရုံတက်နေတဲ့ PDF တွေက ဆေးရုံက ဖုန်းနဲ့တန်ဖိုးကြီး ပစ္စည်းတွေခိုးလို့ ထိုင်းရဲတွေက ဖမ်းထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ၂ ဖက်စလုံးက ထိခိုက်မှုတွေ ရှိခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေကြောင့် အရပ်သား ၁၀၀ နီးပါးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ထိုင်းနိုင်ငံက ဆေးကုသပေးခဲ့ပါတယ်။ စစ်ကောင်စီထောက်ခံသူတွေက ဆေးရုံတက်ရောက် ကုသနေတဲ့ အရပ်သားတွေကို PDF တွေလို့ ဝါဒဖြန့်မှုတွေ ရှိခဲ့ပြီး အခုလို PDF တွေက ထိုင်းနိုင်ငံမှာ ဆေးရုံတက်ရောက် ကုသစဉ် ဆေးရုံက ဖုန်းတွေ ပစ္စည်းတွေ ခိုးသွားလို့ ဖမ်းခံနေရတယ်လို့ ထပ်မံဝါးဖြန့်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက စစ်ရှောင်တွေကို ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်ပေးထားပြီး လူသာခြင်း စာနာမှုအကူအညီတွေ ပေးနေဆဲဖြစ်ကာ PDF တွေကို ဖမ်းဆီးမှုတွေ၊ သတင်းအမှားဖြန့်သူတွေ ပြောထားတဲ့ ဖြစ်စဉ်တွေ မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories