HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

ပုလဲမြို့နယ်က မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 12 Oct 2022 12:47 PM GMT

အဆိုပါ သတင်းအတုကို Thit News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၄ မိနစ်မှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တင်ထားတာဖြစ်ပါတယ်။ ဒီ Video ကိုပြုလုပ်ရာမှာ ရဲတွေပါဝင်တဲ့ဓါတ်ပုံ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဓါတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး Video ရဲ့အပေါ်မှာ "ဗိုလ်နဂါး အဖမ်းခံရပြီ ဗျာ" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း Video ပေါ်မှာ ရေးသားထားခေါင်းစဉ်အအတိုင်း ဗိုလ်နဂါး အဖမ်းခံရပြီလို့ ရေးသားထားတာဖြစ်ပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Like လုပ်ထားသူ ဝင်ရောက်ကြည့်ရှု့ထားသူ ထောင်နဲ့ချီရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ဗိုလ်နဂါးဟာ ဖမ်းခံရခြင်း မရှိသလို ဒီအကြောင်းအရာဟာ မကြာခဏဖြန့်ဝေလေ့ရှိတဲ့ သတင်းအမှားပုံစံတစ်ခုသာ ဖြစ်ပါတယ်။ ဗိုလ်နဂါးရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ခုချိန်ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။ ဗိုလ်နဂါးရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ Page ကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်သူတွေက ဗိုလ်နဂါးဖမ်းခံရပြီဆိုတဲ့ Video ကိုတင်ထားပေမယ့် Video ရဲ့ အတွင်းမှာတော့ "အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းကြောင်း စစ်ကောင်စီခေါင်းဆောင် ဝန်ခံ" ဆိုတဲ့ သတင်းကိုသာ တင်ထားတာဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories