HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဂန့်ဂေါနယ် နှမ်းခါးကျေးရွာကိစ္စ NLD ကို အပြစ်ပုံတဲ့သတင်းအမှား

မကွေးတိုင်း ဂန့်ဂေါနယ်၊ နှမ်းခါးကျေးရွာက နေအိမ်တွေမီးလောင်တဲ့ဖြစ်စဉ်တွေအပြီးမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ NLD ပါတီကို အပြစ်ပုံလွှဲချတဲ့ သတင်းအမှားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 15 Sep 2021 1:27 PM GMT

အဆိုပါ သတင်းအမှားကို M Mytel ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၁၀ ရက်နေ့ ၉ နာရီ ၄၅ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အဆိုပါသတင်းအမှားရဲ့ ခေါင်းစဉ်မှာ " NLD အကြမ်းဖက်သမားများ မီးရှိူ့ဖျက်ဆီးမှုကြောင့် ဂန့်ဂေါနယ် နှမ်းခါးကျေးရွာမှာ အိမ်ခြေ (၄၀) ထက်မနည်း မီး‌လောင်ပြာကျ " (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

သတင်းအမှားရဲ့ အတွင်းမှာတော့ "စက်တင်ဘာ ၉ ရက်ကစပြီး NLD အကြမ်းဖက်သမားတွေဟာ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြရာ နေအိမ် ၄၀ ထက်မနည်း ပြာကျပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယခုအခါ အဆိုပါ နှမ်းခါးကျေးရွာအပါအဝင် အနီးနားဝန်းကျင်ရွာက ကျေးရွာနေ ပြည်သူတွေဟာ NLD အကြမ်းဖက်သမားများရဲ့ရန်ကိုကြောက်ရွံ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့သိရပြီး NLD ကြမ်းဖက်သမားတွေဟာ ‌နှမ်းခါးကျေးရွာကို ဝင်ရောက်ဖျက်ဆီးခဲ့တာဟာ အနည်းဆုံး ၆ ကြိမ်ရှိပြီဖြစ်ကြောင်း သိရပါတယ် " လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ပြန်လည်ကူးယူဖော်ပြပြီး လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ မကွေးတိုင်း ဂန့်ဂေါနယ်၊ နှင်းခါးကျေးရွာက နေအိမ်တွေကို NLD တွေက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ NLD ပါတီဝင်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

နှင်းခါးရွာမှာ စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း နေအိမ် ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ကြောင်းပြည်တွင်းသတင်းမီဒီယာတွေက ရေူသားထားပါတယ်။

အဆိုပါ ကျေးရွာအတွင်းမှာ ဒေသခံပြည်သူတွေက စစ်ကောင်စီတပ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး စက်တင်ဘာလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အဆိုပါ ကျေးရွာအတွင်းက ဆန်စက်၊ ကုန်စုံဆိုင်၊ စားနပ်ရိက္ခာရောင်းချတဲ့ဆိုင်၊ ဆေးဆိုင်နဲ့ အလှကုန်ဆိုင်အပါအဝင် နေအိမ် ၁၄ လုံးကို ဒီဇယ်လောင်းကာ မီးဒုတ်တွေနဲ့ ထပ်မံမီးရှို့ခဲ့ကြတယ်လို့ ဧရာဝတီသတင်းဌာနမှာဖေါ်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေ နှင်းခါးကျေးရွာမှာ မီးရှို့ခဲ့တဲ့ အကြောင်းအရာကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

Related Stories