HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆိုက်ကားတစ်စီးကို ငွေ ၅၀၀၀ ပေးပြီး NLD အလံ ထောင်ခိုင်းတယ် ဆိုတဲ့ သတင်းအတု

၂၀၂၀ ပြည်လုံကျွတ်ရွေးကောက်ပွဲ နီးကပ်လာချိန် နိုင်ငံရေးပါတီတွေအပေါ် ထောက်ခံသူတွေ ကန့်ကွက်သူတွေ ကြားပြိုင်ဆိုင်မှု မြင့်တက်နေသလို သတင်းအမှားဖြန့်ဝေပြီး နိုင်ငံရေးပါတီတွေအပေါ် တိုက်ခိုက်မှုတွေလည်း မြင့်တက်နေပါတယ်။

By - Boom Live Myanmar | 17 Aug 2020 4:05 AM GMT

ဒီရက်ပိုင်းအတွင်းမှာ NLD ပါတီအလံ တပ်ဆင်ထားတဲ့ ဆိုက်ကားတွေရဲ့ပုံတွေနဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားတချို့ ထွကက်ပေါ်နေပါတယ်။

ရဲဇာနည် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ သြဂုတ်လ ၁၀ ရက် ည ၉ နာရီ ၅၁ မိနစ်မှာ USDP Online Media ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အဆိုပါ သတင်းအမှားထဲမှာ "ဆိုက်ကားတစ်စီးကို ငွေ ၅၀၀၀ ပေးပြီး အလံထောင်ခိုင်းတာ။ ဆိုက်ကားသမား တစ်ယောက် ဆီက ပြန်ကြားသိရ" လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းအမှား နဲ့အတူ NLD ပါတီအလံ တပ်ဆင်ထားတဲ့ ဆိုက်ကား ၂ စီးရဲ့ ဓါတ်ပုံကို တွဲတင်ထားပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like ပြုလုပ်ထားသူ ၂ ရာကျော်ရှိပြီး ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်နဲ့ Comment ရေးသားထားသူ ၁၀၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် အဆိုပါ Facebook ပိုစ့်ကို ပြန်လည်ကူးယူဖော်ပြသူများလည်း ရှိနေပါတယ်။


သတင်းဆန်းစစ်ချက်

NLD ပါတီက ဆိုက်ကားတစ်စီးကို ငွေ ၅၀၀၀ ပေးပြီး ပါတီအလံ ထောင်ခိုင်းထားတယ်ဆိုတဲ့ သတင်းကို အချက်အလက် စစ်ဆေးဖို့ Boom Myanmar က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒီလို ရေးသားဖြန့်ဝေမှုဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ အကြောင်းအရာနဲ့ ပက်သက်လို့ "ပါတီက အဲ့လောက်ထိ မချမ်းသာပါဘူးဗျာ။ ဆိုက်ကားသမားတွေက သူတို့အသိနဲ့ သူတို့ လုပ်ကြတာပါ။ ကျွန်တော်တို့ရဲ့ ပရောဂ ဘာတစ်ခုမှ မပါပါဘူး။ အရင်မှတ်မိကြမလား မသိဘူး။ ၂၀၁၅ တုန်းကလည်း ဒီလို အတွေ့အကြုံတွေ ရှိလာတော့ သူတို့ပါသူတို့ လုပ်ကြတာပါ။ ကျွန်တော်တို့ ဘာမှ မပါပါဘူး အဲ့ဒါကတော့။ နောက်တစ်ခုက NLD အနေနဲ့ ဒီအပေါ်မှာ ငွေကြေး ပံံ့ပိုးပြီးတော့ လုပ်ခိုင်းတာလည်း မရှိပါဘူး" လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

အဆိုပါ သတင်းအမှား ဖြန့်ဝေထားတဲ့ ရဲဇာနည် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာလည်း မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်ပုန်း တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

 

 

Related Stories