HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD တွေ မဲခိုးလို့ဖမ်းခံရတယ်ဆိုပြီး ဖြန့်ဝေတဲ့ သတင်းအတု

ကျောက်ပန်းတောင်းမြို့နယ်မှာ NLD ပါတီဝင်တွေ မဲခိုးတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 8 Nov 2020 10:11 AM GMT

အဆိုပါ သတင်းအမှားကို ပေးဆပ်သူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ (၈) ရက်နေ့ နေ့ခင်း ၁ နာရီ ၄ မိနစ်မှာ ပြည်သူချစ်တဲ့ပြည်ခိုင်ဖြိုး ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ရေးတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "သနားစရ. NlD တွေ မနိုင်လို အနော်တို့ရွာနားက ရွာမာ မဲ၃၀၀ခိုးလို့ ဖမ်းခံရတယ်" (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ ကျော်ရှိနေပြီး Comment ရေးသားသူ ၁၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော် ရှိနေပါတယ်။

၎င်း အကောင့်ပိုင်ရှင်ဟာ အဆိုပါ ပိုစ့်တင်ပြီး နောက်ထပ် ၁၀ မိနစ်ခန့် အကြာမှာ အဲ့ဒီ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံတဲ့ Group ထဲမှာပဲ နောက်ထပ် သတင်းအမှား တစ်ပုဒ် ထပ်တင်ခု့ပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ "ကျောက်ပန်တောင်း မြို့နယ်ဘက်က ခိုးတာပါ NLD တွေက မဲများကို မဲပေါင်း ၃၀၀ရာကို ခိုးလို အခု နေပြည်တော်ထောင် ကိုရောက်သွားပါp" (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ အဲ့ဒီပိုစ့်ကို Like လုပ်ထားသူ ၁၅၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှနေသူ ၆၀ ကျော် ရှိနေပါတယ်။

မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

သတင်းဆန်းစစ်ချက်

ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေ ရှိတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ဖြန့်ဝေထားတဲ့ ကျောက်ပန်းတောင်းမြို့မှာ NLD ပါတီဝင်တွေ မဲခိုးလို့ အယောက် ၃၀၀ ကျော် အဖမ်းခံထားရတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက်စစ်ဆေးဖို့ NLD ပါတီ ကျောက်ပန်းတောင်း မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်ကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့ အတည်ပြုပါတယ်။

အဆိုပါ သတင်းအမှားနဲ့ ပတ်သက်ပြီး "အဲ့ဒါမျိုး လုံးဝ မရှိပါဘူး ခင်ဗျ။ အခုချိန်ထိ အေးအေးချမ်းချမ်းပါပဲ။ ၃၀၀ မပြောနဲ့ ၃ မဲတောင် ယူမယ့်သူ မရှိပါဘူး ခင်ဗျ။ လုံးဝ အေးအေးချမ်းချမ်းပါ။ အခုနကမှ ကျွန်တော်တို့ ပြန်လာတာ မဲရုံတွေ လှည့်ပြီးတော့ အားလုံးအေးအေးချမ်းချမ်းနဲ့ တချို့ရွာဆို ပြီးတောင် ပြီးနေပါပြီခင်ဗျ။ အဲ့ဒါ လုံးဝ မဟုတ်ပါဘူး" လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က Boom Myanmar ကို ပြောပါတယ်။

Related Stories