HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြန်မာကို အာဆီယံကနေ အပြီးဖယ်ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

ပြည်တွင်းရေးတင်းမာနေချိန်ကာလမှာ မြန်မာနဲ့အာဆီယံကြားဆက်ဆံရေးအခြေအနေကို အခြေခံပြီးရေးသားဖြန့်ဝေထားတဲ့ သတင်းတုတစ်ပုဒ်ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 12 Aug 2022 2:17 AM GMT

ဒီအကြောင်းအရာမှာ မြန်မာနိုင်ငံကို အာဆီယံကဖယ်ထုတ်လိုက်ပြီဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတုတစ်ခုဖန်တီးရေးသားထားတာဖြစ်ပါတယ်။ အဆိုပါ သတင်းအတုကို Myanmar News Channel ဆိုတဲ့ ပေ့ချ်တစ်ခုနဲ့ တစ်ခြားပေ့ချ်တစ်ခုက ဖြန့်ဝေထားပြီး ၉ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားပါတယ်။

၎င်း Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "အာဆီယံမှမြန်မာနိုင်ငံကိုအပီးဖယ်ထုတ်လိုက်ပီ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ Video ကို ပြုလုပ်ရာမှာ ဓါတ်ပုံတွေပေါ်မှာ စာရေးထားပြီး သတင်းတွေကို နောက်ခံအသံရွတ်ဆိုကာ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ၎င်းရေးထားတဲ့ စာထဲမှာ "၈ ရက်နေ့ အရေးပေါ် သတင်း၊ အာဆီယံမှ မြန်မာကို အပြီးထုတ်ပယ်ပြီ။ မြန်မာပြည်အနာဂတ်က ရင်လေးစရာ ဖြစ်ပြီ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ Video ကို Facebook ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၄၀၀၀ နီးပါးရှိနေပြီး YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၃၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ထဲက ဖယ်ထုတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

အာဆီယံက မြန်မာကို ထုတ်ပယ်ထားခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးမှာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆုတ်ခွန်းက စစ်ကောင်စီကို ၎င်းတို့ရဲ့ အတိုက်အခံတွေနဲ့ ထိတွေ့ ဆက်ဆံတာတွေ မလုပ်မချင်း၊ ရေရာတဲ့ တိုးတက်မှုတွေ ပေါ်ပေါက် မလာမချင်း အာဆီယံ အဖွဲ့တွင်းမှာ မြန်မာကို ကိုယ်စားပြုခွင့် ဆက်လက် ငြင်းပယ်ခံနေရဦးမှာ ဖြစ်တယ်လို့ ဆိုကာ လာမယ့် အာဆီယံဦးဆောင်အစည်းအဝေးကို မြန်မာကိုယ်စားပြုခွင့် ငြင်းပယ် ထားပါတယ်။

အာဆီယံ ဦးဆောင်အစည်းအဝေးမှာ မြန်မာကိုယ်စားပြုသူ မပါဝင်တဲ့အကြောင်း ရေးသားထားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာဖတ်ပါ။


သတင်းအမှားတင်ထားသူတွေဟာ အာဆီယံကနေ မြန်မာကို အပြီးထုတ်ပယ်လိုက်ပြီလို့ ရေးသားထားပေမယ့် ၎င်းသတင်းအတွင်းမှာတော့ "အမေရိကန်က တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကိုအသုံးချ နိုင်ငံခြားရေးဝန်ကြီးပြောကြားဆိုတဲ့ သတင်း၊ စစ်ကောင်စီတပ်တွေမှာ အောက်ခြေစစ်သားတွေ မှတ်ပုံတင်ကဒ်တွေ သိမ်းထားပြီး ပြန်တောင်းမရဆိုတဲ့ သတင်း၊ ၁.၈.၂၀၂၂ ကနေ ၇.၈.၂၀၂၂ အထိ ၇ ရက်အတွင်း အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြသော ပြစ်မှုတွေကို အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ဆိုသော သတင်း၊ ထောင်တွင်း ဆန္ဒပြမှုတွေ တရားလက်လွတ်သတ်ဖြတ်မှုတွေကို မပြူလုပ်ဖို့ နိုင်ငံတကာက အသိုင်းအဝိုင်းက ပြောကြားဆိုတဲ့ သတင်း၊ မြောက်ဦးမှာ ကွမ်းယာရောင်းနေတဲ့ အမျိုးတစ်မီးတစ်ဦး သေနတ်နဲ့ ပတ်ခတ်ခံရဆိုတဲ့သတင်း.." စတဲ့ သတင်းအကြောင်းအရာတွေသာ ပါဝင်ပါတယ်။

ဒီသတင်းအမှားတင်ထားတဲ့ အဖွဲ့ဟာ ၎င်းတို့ရဲ့ သတင်းခေါင်းစဉ်မှာ လူအများဝင်ရောက်ကြည့်ရှု့အောင် လိမ်ညာထားတဲ့ သတင်းခေါင်းစဉ်တွေ ရေးသားကာ Clickbaits ကနေ ဝင်ငွေရှာနေတဲ့ အဖွဲ့တွေသာ ဖြစ်ပါတယ်။

 



Related Stories