HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 May 2023 3:07 PM GMT

အဆိုပါ သတင်းအတုကို Emogene ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။အဆိုပါ Video ရဲ့ နောက်ခံမှာ သတင်းကြေညာနေတဲ့ ဓါတ်ပုံရယ် လေယာဉ်မှုးတွေ လေယာဉ်တွေ ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ ၁၉ ရက်နေ့ မနက် ၆ နာရီ သတင်းထူး။ အရေးကြီးသတင်းကြေညာလိုက်ပြီ။ လေယာဉ်တွေ မြေခပြီဟေ့။ ဗိုလ်ကြီး/မှူး ၈၀ ကျော် ဒွမ့်ကုန်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှု့သူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ ပစ်ချခ့ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

လတ်တလော ကာလအတွင်းမှာ စစ်ကောင်စီရဲ့ လေယာဉ်ပစ်ချခံခြင်း မရှိသလို ဒီသတင်းအကြောင်းအရာကို မည်သည့်အဖွဲ့အစည်းကမှာ ဖော်ပြထားခြင်းမရှိသလို သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ Video အတွင်းမှာလည်း စစ်ကောင်စီလေယာဉ်တွေ ပစ်ချခ့ရတဲ့ သတင်းတွေ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories