HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေး ခရိုင်တရားရုံး ရှော့တိုက်ဒုံး နဲ့ ပစ်ခံရတယ်ဆိုတဲ့ သတင်းအတု

မန္တလေး ခရိုင်တရားရုံး ရှော့တိုက်ဒုံးနဲ့ ပဟ်ခံရလို့ တရားသူကြီးတွေ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Nov 2023 5:43 AM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတစ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၅ ရက်နေ့ မန္တလေးခရိုင်တရားရုံး ရှော့တိုက်ဒုံး (၃) လုံးနဲ့ ထုချပြီ။ မတရားသူကြီး (၉) ဦးနဲ့ လက်ထောက် (၅) ဦးသေဆုံး တမြို့လုံး အုန်းဒိုင်းနဲ့ ဆော်ကုန်ပြီ။ အပြင်ထွက် မကြည့်ကြနဲ့” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၃၃၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မန္တလေး ခရိုင်တရားရုံး ရှော့တိုက်ဒုံးနဲ့ ပဟ်ခံရလို့ တရားသူကြီးတွေ သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မန္တလေးမြို့ကို ဝင်ရောက်သိမ်းပိုက်မယ့် ရွှေပြည်စိုး စစ်ဆင်ရေးစတင်မယ်လို့ ကြေညာထားပြီး စစ်ကောင်စီတပ်တွေကို လုံခြုံရေး တပ်လှန့်ထားသလို မန္တလေး ခရိုင်တရားရုံးကိုလည်း တိုက်ခိုက်မယ်ဆိုတဲ့ သတိပေးစာ ကပ်ခံခဲ့ရပြီး စစ်ကောင်စီဘက်က လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ ဒါပေမယ့် သတင်းအမှားထဲမှာ ပါသလို မန္တလေး ခရိုင်တရားရုံးကို ရှော့တိုက်ဒုံးနဲ့ ပစ်ခံရတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာလည်း မန္တလေးခရိုင်တရားရုံးကို တိုက်ခိုက်မယ်လို့ ရေးထားတဲ့ သတိပေးစာကပ်ခံရတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories