HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါက်တာ တေဇာစန်း နေပြည်တော်မှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တောက်လျှောက်လုပ်နေတဲ့ ဒေါက်တာ တေဇာစန်းကို နေပြည်တော်မှာ ဖမ်းဆီးပြီး ကားနဲ့ဆွဲခေါ်ခံရတယ်ဆိုတဲ့ သတင်းအမှားတွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက် ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 28 Sep 2021 12:54 PM GMT

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူအဖြစ် ထင်ရှားတဲ့ ဒေါက်တာတေဇာစန်းဟာ စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဒီလို ဖြန့်ဝေရာမှာ "ဒေါက်တာ တေဇဆန်းကို အခု ၈ နာရီ ဖမ်းမိသွားပြီ။ လုပ်ကြပါအုံးဗျာ။ ကားနဲ့ဆွဲခေါ်သွားတာ" လို့ ရေးသားထားပြီး ၅ မိနစ်နီးပါ ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားတာဖြစ်ပါတယ်။

ရုပ်သံဖိုင်ရဲ့ အစမှ "ဒေါက်တာတေဇာစန်း နေပြည်တော်မှာ ဖမ်းဆီးခံရပြီး အရေးပေါ် အခြေအနေဖြစ်နေပါတယ်။ အနီးအနားက ပြည်သူများ ဒေါက်တာတေဇာစန်းကို ဝိုင်းဝန်းကူညီကြဘို့လည်း NUG အစိုးရက ကြေငြာလိုက်ပါတယ်။ ဒေါက်တာတေဇာစန်း သတင်းကို မတင်ပြမီ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သွေးထွက်သံယိုမှုတွေနဲ့ အကြပ်အတည်းတွေကို တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းကနေ အဖြေရှာဘို့ နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းအားပေးနေပါတယ်။" လို့ ပြောကြားထားပေမယ့် ရုပ်သံဖိုင်ပြီးဆုံးတဲ့ အထိ ဒေါက်တာတေဇာစန်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပါဝင်ခြင်းမရှိပါဘူး။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ထဲမှာ  ဒေါက်တာတေဇာစန်း အဖမ်းခံရကြောင်းနဲ့ NUG အစိုးရက ဝိုင်းဝန်းကူညီကြဖို့ ကြေညာတယ်ဆိုတဲ့အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ ဘယ်သတင်းမီဒီယာမှာမှ ဖော်ပြထားခြင်း မရှိသလို NUG အစိုးရရဲ့ သတင်းထုတ်ပြန်နေတဲ့ ချန်နယ်တွေမှာလည်း ကြေညာထားခြင်း မရှိပါဘူး။ NUG အစိုးရရဲ့ ဖေစ့်ဘွတ်စာမျက်နှာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဒေါက်တာတေဇာစန်းဟာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို မန္တလေးမြို့မှာ ဖဖေါ်ဝါရီလ ၄ ရက်နေ့က စတင် ဦးဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ထားဆဲသာရှိပါတယ်။

Related Stories