HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အစိုးရသက်သေလုပ်မယ် ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အစိုးရသက်သေလုပ်မယ် ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ် နေပါတယ်။

By - Boom Live Myanmar | 23 July 2021 8:49 AM GMT

အဆိုပါ သတင်းအမှားကို အဲယ်မွှေး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလှိုင်လ ၁၀ ရက်နေ့ ၁၁ နာရီ ၂၃ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဒေါ်စု အစိုးရသက်သေလုပ်မည်ဟူသော သတင်းထွက်ပေါ်" လို့ ရေးထားပြီး အတွင်းပိုင်းမှာတော့ "မဲသမာမှုများကြောင့် ထိန်းသိမ်းခံထားရပြီး တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှု၊ အဂတိ လိုက်စားမှုများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ သက်သေအဖြစ် ပူးပေါင်းမည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိသည်။ ဒေါ်စုက သူမ မတောင်းဘဲ ဒေါ်လာ၊ ရွှေ၊ မြန်မာငွေ သန်းချီပေးခဲ့ကြသော ခရိုနီများ စာရင်းကိုပါ နစကထံ ပေးအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်ပြိုကွဲရေး၊ ခြေ/ဥအသစ်ရေးဆွဲရေး၊ အကျိုးတူ ပူးပေါင်းပြီး အဂတိငွေ ဒေါ်လာဘီလျံချီ ပေးခဲ့ကြသော အမေရိကန်အနောက်အုပ်စုနဲ့ OICအကြောင်းဖွင့်ချမည်ဟူသော သတင်းများ ထွက်ပေါ် နေခြင်းဖြစ်သည်။ သတင်းများအရ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံး၊ ပြင်သစ်သံရုံးတို့အား သံတမန် ကျင့်ဝတ် မလိုက်နာလျှင် ထွက်ခွာရန် ပြောထားပြီးဖြစ်ကြောင်း၊ အကြမ်းဖက်အားပေး အမေရိကန် သံအမတ်ကို ပြည်နှင်ဒဏ် ပေးလိုက်ခြင်းကြောင့် ဒေါ်စု ယခုကဲ့သို့ ချည်းကပ်လာခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေမှုများကို တွေ့ရသည်။" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းရဲ့ အောက်ဆုံးမှာတော့ အမျိုးသားအမည်နဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းတွေရေးသားနေတဲ့ Myanmar National Post ဆိုတဲ့ နာမည်ကို Hash Tag နဲ့ ရေးထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ များစွာရှိပြီး၊ စစ်ကောင်စီထောက်ခံသူရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲ ကူးယူဖော်ပြသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီ ထောက်ခံသူတွေ ရေးသားဖြန့်ဝေနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၎င်းတို့နဲ့ ပူးပေါင်းပြီး အစိုးရ သက်သေလုပ်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ အကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံဆွေးနွေးမှု ၃ ကြိမ်ခန့် ရှိပြီလို့ အလွတ်တမ်း သတင်းထောက် ကိုသက်ထွေးနိုင်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိူင်လ ၁၄ ရက်နေ့မှာ ရေးထားဖော်ပြခဲ့ပါတယ်။ အဲ့ဒီလို တွေဆုံဆွေးနွေးမှု နဲ့ ပတ်သက်ပြီး ဘာကြောင့်ဆွေးနွေးတယ် ဆိုတဲ့ အကြောင်းအရာကို တိတိကျကျ မသိရပေမယ့် လူမှုကွန်ယက်ပေါ် နောက်ဆက်တွဲ ဝေဖန်မှုတွေ ကောလဟာလပေါင်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။ အလွတ်တမ်း သတင်းထောက် ကိုသက်နိုင်ထွေး ရေးထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

ဒါပေမယ့် ဒီလို တွေ့ဆုံမှုဟာ ၎င်းတို့ ရေးသားထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ OIC ထံက ဒေါ်လာ ဘီလီယံချီယူထားတာကို ဖွင့်ချမယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ကြံခိုင်ရေးပါတီ ထောက်ခံသူတွေဟာ NLD ပါတီကို ရွေးကောက်ပွဲ မတိုင်ခင် ကာလကနေ အခုထိ OIC က ထောက်ပံ့ကြေး ယူထားတယ် ဆိုတဲ့ သတင်းအမှားတွေနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး NLD ပါတီက မည်သည့် နိုင်ငံခြား အဖွဲ့ကမှ ငွေကြေး မယူထားကြောင်း အကြိမ်ကြိမ်ပြောဆိုထားပါတယ်။

ဒါအပြင် ဒီသတင်းအမှားထဲမှာ ရေးထားတဲ့ စစ်ကောင်စီက အမေရိကန် သံအမတ်ကို ပြည်နှင်ဒဏ် ပေးတယ် ဆိုတဲ့ အကြောင်းအရာဟာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။ ဒီသတင်းအမှား တစ်ပုဒ်ထဲမှာ စိတ်ကူးယဉ်ဆန်ဆန် အချက်အလက်မှား များစွာ ပေါင်းရေးထားတာကိုလည်း တွေ့ရပါတယ်။

သတင်းအမှားထဲမှာ စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းတယ်လို့ ဆိုထားပေမယ့် ဇူလိူင်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီဘက်က ထပ်တိုး အမှု ၄ မှု နဲ့ တရားစွဲထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထပ်တိုး ၄ မှု့ကြောင့် အမှု ၁၀ မှု ခန့်နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ထပ်တိုး ၄ မှု အကြောင်းကို အောက်ပါ BBC သတင်းမှာ ကြည့်ပါ။

ထပ်တိုးစွဲတဲ့ ၄ မှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုတုံ့ပြန်


Related Stories