HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ခံစားနေရတဲ့ သတင်းအပေါ် တန်ပြန်ဖြန့်ထားတဲ့ သတင်းအမှား

စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါ ခံစားနေရပြီး ဆေးကုသခွင့် မရဘူးဆိုတဲ့ သတင်းကို တန်ပြန်ဝါဒဖြန့်ထားတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 6 Sept 2025 9:41 PM IST

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ခေတ်သစ် သတင်းဌာနက ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကို အမှားဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် ရရှိကာ နေကောင်း ကျန်းမာလျှက်ရှိကြောင်း ရွေးကောက်ပွဲကို ဖျက်စီးလို၍ သတင်းအမှားဖြန့်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာတွေအပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါ ခံစားနေရပြီး ဆေးကုသခွင့် မရဘူးဆိုတဲ့ သတင်းဟာ သတင်းမှား ဖြစ်တယ်လို့ ပြောထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တန်ပြန်ဖြန့်ဝေလာတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက တန်ပြန်ဖြန့်ဝေလာတာ ဖြစ်ပြီး ခေတ်သစ်က အထောက်အထား မရှိဘဲ ရေးထားတယ်လို့ ဖော်ပြထားပေမယ့် မူရင်းသတင်းဟာ နိုင်ငံတကာ သတင်းဌာန တစ်ခုဖြစ်တဲ့ The Independent သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။ အဆိုပါ သတင်းဌာနဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ နဲ့ အင်တာဗျူး ပြုလုပ်ပြီး ဖော်ပြထားတဲ့ သတင်းဖြစ်ပါတယ်။

The Independent က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ မတရားဖမ်းဆီးထားဆဲ ဖြစ်ပြီး ဆေးကုသခွင့် အခွင့်အရေး အပြည့်အဝ မပေးထားကာ ကျန်းမာရေးအခြေအနေ ကျဆင်းနေတဲ့ သတင်းတွေဟာ အရှေ့မှာလည်း မကြာခဏ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

သတင်းအမှားဖြန့်တဲ့ Page တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories