HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီဆိုတဲ့ သတင်းအတု

မိုခါးဆိုက်ကလုန်း မုန်တိုင်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီဆိုတဲ့ ကျိုးကြောင်းအဆက်အစပ်မရှိတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းထဲထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar | 18 May 2023 2:57 PM GMT

အဆိုပါ သတင်းအတုကို HD Video ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ “မုန်တိုင်းနဲ့အတူ ဒေါ်စုပြန်လာပြီ။ အမှုအားလုံး ရုပ်သိမ်း” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားဖြန့်ဝေထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မိုခါးဆိုက်ကလုန်းမုန်တိုင်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး ပြန်လွတ်ပေးခြင်းမရှိသလို အမှုတွေ ရုတ်သိမ်းပေးထားခြင်းလည်း မရှိပါဘူး။ 

ဒါ့အပြင် ဒီ Video ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးမယ့် အကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြား စစ်ရေးအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories