HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို ထောင်ဒဏ် ၈၅ နှစ် ချမှတ်တယ်ဆိုတဲ့ သတင်းတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ကြောင်း စကစ ကြေငြာဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 Sep 2021 1:07 PM GMT

ဒီသတင်းကို သတင်းမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ Peace News မြန်မာ၊ Breaking News Page နဲ့ သတင်းစွယ်စုံ Myanmar hot new တို့လိုမျိုး ဖေစ့်ဘွတ်ပေချ့်တွေမှာ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက  စတင်ဖြန့်ဝေနေတာဖြစ်ပြီး "သမ္မတကြီးနဲ့ ဒေါ်စုကို လုပ်တာလွန်ရောဗျာ လုပ်ရက်တယ်ဗျာ။ စိတ်မကောင်းစရာသတင်းကြီး" ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရေးသားဖြန့်ဝေနေတာပါ။

သတင်းကို သမ္မတ ဦးဝင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပေါ်မှာ "ကြားရတဲ့ သတင်းအဖြစ်ဆိုး။ သမ္မတကြီးနဲ့ ဒေါ်စုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ကြောင်း စကစ အခုကြေငြာ" လို့ ရေးသားပြီး လေးမိနစ်နီးပါး ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုနဲ့ တွဲဖက် ဖြန့်ဝေနေတာဖြဟစ်ပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေရာမှာ ပါဝင်တဲ့ ရုပ်သံဖိုင်ကို ဖွင့်ကြည့်ရာမှာတော့ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုမယ့် အကြောင်းအရာ" ဆိုတဲ့ အခြားသတင်းဌာနတွေက သတင်းကို ကူးယူပြီး သတင်းကြေငြာတဲ့ပုံစံ ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။

သတင်းထဲမှာ "ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ကြောင်း စကစ ကြေငြာ" ဆိုတဲ့ အကြောင်းအရာ တစ်စုံတရာ မပါရဝင်သလို ဒီသတင်းအတုဟာ တခြား Youtube သတင်းတုတွေလိုမျိုးပဲ လုပ်ကြံဖြန့်ဝေထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့အမှုတွေဟာ စစ်ဆေးဆဲအဆင့်မှာသာရှိပြီး လက်ရှိအချိန်အထိ အမိန့်တစ်စုံတရာချမှတ်တဲ့အဆင့်ကိုမရောက်ရှိသေးပါဘူး။

Related Stories