အဆိုပါ သတင်းအတုကိုYouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ Photoshop နဲ့ ပြုပြင်ထားတဲ့ ဒေါ်ဇင်မာအောင် အဖမ်းခံရတဲ့ပုံ ပြုလုပ်ထားတဲ့ ဓါတ်ပုံရယ်၊ ထရမ့်နဲ့ မင်းအောင်လှိုင် တွေ့နေတဲ့ပုံဖန်တီးထားတဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူ တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “NUG ဝန်ကြီးအားလုံး အမေရိကန်ဖမ်း၊ အမေရိကန်ရဲ့ အကူအညီနဲ့ NUG အကြမ်းဖက်တွေကို ဖမ်းခွင့်ရခဲ့ပြီဟု ဇော်မင်းထွန်း ဒဲ့ပြောလို့ လန့်ကုန်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
NUG ဝန်ကြီးအားလုံးကို အမေရိကန် ဝင်ဖမ်းဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
NUG ဝန်ကြီးတွေကို အမေရိကန်ရော တစ်ခြား မည်သူကမှ ဖမ်းဆီးခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



