အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ် ချန်နယ်တွေအပြင် Facebook account တွေနဲ့ပါ လူမှုကွန်ယက်တွေပေါ် ဖြန့်ထားတာ ဖြစ်ပြီး “ရခိုင်စစ်သွေးကြွ မူးယစ်ဂိုဏ်း AA အဖွဲ့က ခေါင်းဆောင််တွေက ချင်း PDF တွေကို မူးယစ်ဆေးကျွေးပြီး အtayခံစစ်တိုက်ခိုင်းနေလို ဆိုပြီး ချင်းပဒပ်တွေနဲ့ AA မူးယစ်ဂိုဏ်အဖွဲ့ပြဿနာတက်နေကြတယ်။ AA အဖွဲ့ကကောင်တွေ ဘယ်လောက်ထိယုတ်မာ သလဲဆိုတော့ ရိက္ခာမပို့တော့ဘဲ မူးယစ်ဆေးဘဲပို့နေကြတာ။ ပြောရမယ်ဆိုရင် ချင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မူးယစ်ရဲ့ ကျေးကျွန်ဖြစ်အောင်လုပ်နေလို
ချင်းမျိုးပြုတ်အောင်လုပ်နေတာ” (အသုံးအနှုန်း မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် facebook အကောင့်တွေကပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
AA အဖွဲ့ခေါင်းဆောင်တွေက ချင်း PDF တွေကို မူးယစ်ဆေး ကြွေးပြီး အသေခံ တိုက်ခိုင်းနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ကြောင့် အထိနာခဲ့ပြီး သွေးခွဲ ဝါဒဖြန့်မှုတွေကို မကြာခဏ လုပ်ဆောင်လေ့ ရှိပါတယ်။ AA နဲ့ လက်တွဲနေတဲ့ PDF တွေ ပြည်သူ့ကာကွယ်ရေး တပ်တွေဟာ ၎င်းတို့ ဆန္ဒအလျှောက်သာ ပူးပေါင်းကြတာ ဖြစ်ပြီး မူးယစ်ဆေးဝါးကြွေးကာ အသေခံ တိုက်ခိုင်းချင်းမျိုး မရှိပါဘူး။ ဒီအကြောင်းအရာဟာ ဝါဒဖြန့်ဖို့ သက်သက် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေအပြင် မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။



