HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဘုရားသုံးဆူတိုက်ပွဲမှာ တိုက်လေယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ သတင်းအတု

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ဘုရားသုံးဆူတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 3 Sep 2023 5:39 AM GMT

အဆိုပါ သတင်းအတုကို WV News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဓါတ်ပုံတစ်ပုံရယ် ၊ Website တစ်ခုရဲ့ Link ကို ဖော်ပြထားပြီး “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ” ဆိုတဲ့ ခေါင်းစဉ်ကိုရေးသားထားပြီ Link ထဲကို ဝင်ရောက်ကြည့်ရှုဖို့ ညွှန်ပြထားပါတယ်။ ဓါတ်ပုံထဲမှာ စစ်ကောင်စီတပ်သားတွေ အဖမ်းခံရပြီးထိုင်နေကြတဲ့ပုံရယ်၊ တိုက်ပွဲဖြစ်ပွားနေတဲ့ပုံရယ် ၊ တိုက်လေယာဉ်တစ်စင်း မီးခိုးတွေ ထွက်နေတဲ့ ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “25 ရက် စစ်ခွေး (၄၇) ယောက်ကျတဲ့ ဘုရားသုံးဆူတိုက်ပွဲ တိုက်လေယာဉ်တစ်စင်း ပစ်ချနိုင်ပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဘုရားသုံးဆူတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ဘုရားသုံးဆူအပါအဝင် နေရာ အတော်များများမှာ တိုက်ပွဲဖြစ်ပွားနေပေမယ့် တိုက်လေယာဉ်ကို ပစ်ချနိုင်တဲ့ဖြစ်စဉ်မရှိသေးသလို ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနနဲ့ အဖွဲ့အစည်းတွေကလည်းထုတ်ပြန်ပြောဆိုထားတာမျိုးမရှိပါဘူး။

ဒါ့အပြင် သတင်းအမှားထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှားဖြန့်သူတွေ ဝင်ရောက်ကြည့်ရှုဖို့ ဖြန့်ထားတဲ့ link ထဲမှာ တစ်ခြားအကြောင်းအရာတွေ၊ တစ်ခြားသတင်း တွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories