HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လပြည့်နေ့ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်တယ် ဆိုတဲ့ သတင်းအတု

ဝါဆိုလပြည့်နေမှာ ရွှေတိဂုံဘုရားပေါ် ဗုံးပေါက်တယ်ဆိုတဲ့ သတင်းအမှားတွေကို ယခုရက်ပိုင်းအတွင်းဖြန့်ဝေလာကြပါတယ်။

By - Boom Live Myanmar | 14 July 2022 3:18 PM GMT

အဆိုပါ သတင်းအမှားကို Clickbaits နဲ့ ဝင်ငွေရှာနေတဲ့ website တွေက ဇူလှိုင်လ ၁၂ ရက်နေ့မှာ ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ Website တစ်ခုရဲ့ link ကို ကူးယူကာ ရွှေတိဂုံဘုရားပေါ် ဗုံးပေါက်လို့ အကုန်သေဆုံးသွားတယ်လို့ Facebook ပေါ်ရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီ Website link ထဲမှာတော့ "လပြည့်နေ့ ရွှေတိဂုံ ဘုရားပေါ် ဗုံးပေါက်လို့ အကုန်မသာပေါ်။ လပြည့်နေ့ သေကုန်ပြီ။ ရွှေတိဂုံဘုရား ဗုံးပေါက်၊ ပြည်သူ ၆၈ ဦးနဲ့ စစ်ကား ၈ စီး ပြာကျ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက လူများတဲ့ group တွေထဲ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ဝါဆိုလပြည့်နေ့က ရွှေတိဂုံဘုရားပေါ် ဗုံးပေါက်တယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဝါဆိုလပြည့်နေ့မှာ ရန်ကုန်မြို့က နေရာအချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမယ့် ရွှေတိဂုံဘုရားမှာရော၊ တစ်ခြားမည်သည့် ဘုရားမှာမှ ဗုံးပေါက်ကွဲခြင်း မရှိပါဘူး။

ရန်ကုန်မြို့မှာ ဇူလှိုင်လ ၁၁ ရက်ညက မရမ်းကုန်းမြို့နယ် ၉ မိုင်၊ Ocean ရှေ့ရှိ ယာဉ်ထိန်းရဲကင်းကို ဗုံးကွဲခဲ့ပြီး၊ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ ဇူလှိုင်လ ၁၂ ရက်နေ့က တာမွေဗညားဒလလမ်းပေါ်မှာ ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်တွေက လာရောက်ကာ လမ်းပိတ်ပြီး အဆိုပါ ဗုံးကို ဖောက်ခွဲခဲ့ပါတယ်။ အဆိုပါ လပြည့်နေ့ ၃ နာရီ ကျော်ခန့်မှာ မြေနီကုန်း ဂုံးတံတားအောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်။ လှိုင်သာယာ ၅ ထိပ်နားမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇူလှိုင်လ ၁၁ ရက်နေ့နဲ့ ဝါဆိုလပြည့်နေ့ ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာဖတ်ပါ။





Related Stories