HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆယ်တန်းအောင်စာရင်းထွက်ရက် သတင်းအမှား

၂၀၁၉ - ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန်လိုင်လ ၁၈ ရက်နေ့ စနေ့နေ့မှာ ထွက်မယ်ဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေနေမှုဟာ လိမ်လည်ရေးသားထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 23 July 2020 1:13 AM GMT

 ဒီသတင်းအမှားကို ပညာရေး သတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဇွန်လ ၅ ရက်နေ့ မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ယနေ့အထိ ထပ်ဆင့်ဖြန့်ဝေသူ ၂ ထောင့် ၅ ရာ နီးပါးထိရှိပြီး ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်ပါတယ်။ ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

၂၀၁၉ - ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လအတွင်း ထုတ်ပြန်ကြေငြာနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇွန်၁၂ ရက်နေ့ကပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဒီသတင်းနဲ့ ပါတ်သတ်ပြီး မီဒီယာအမျာစုမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံမှာ ကြည့်နိုင်ပါတယ်။ 


တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းနဲ့ ပါတ်သတ်ပြီး ဇွန်လ ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့ ဘီဘီစီသတင်းဌာနက သတင်းနဲ့ Eleven သတင်းမီဒီယာက သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

၂၀၁၉ - ၂၀၂၀ တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ စာစစ်ဆေးမှုကို ဇွန်လ ၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ကုတ်ဖြည်ကာ အောင်စာရင်းပြုစုရမည်ဖြစ်ကာ လုပ်ဆောင်ချိန် နှစ်လနီးပါး ကြာမှာဖြစ်တယ်လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောထားပါတယ်။


ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာမှာ COVID -19 ရောဂါကြောင့် ကန့်သတ်ချက်များ ရှိပါက လူစုလူဝေးမဖြစ်စေဘို့ အောင်စာရင်းကို အွန်လိုင်းကသာ ထုတ်ပြန်သွားမှာဖြစ်ပြီး ကန့်သတ်ချက်များ ရုတ်သိမ်းချိန်ဖြစ်ပါက မူလအတိုင်း စာစစ်ဌာနများမှာ အောင်စာရင်းစာရွက်များ ကပ်သွားမှာဖြစ်တယ်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းမှာ့ ဇွန်လ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။ သတင်းဖော်ပြချက်ကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

Related Stories