HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေပိတ်ရမယ်လို့ ရေးသားဖြန့်ဝေနေတဲ့ သတင်းတု

နှစ်ရက်အတွင်း တစ်နိုင်ငံလုံးက စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေပိတ်မယ်ဆိုပြီး လုပ်ကြံရေးသားထားတဲ့အကြောင်းအရာတစ်ခုကို ထပ်ဆင့်ဖြန့်ဝေမှုပေါင်း နှစ်သောင်းကျော်ထိရှိနေပါတယ်။

By - Boom Live Myanmar | 31 Aug 2020 10:59 AM GMT

Blogs ဆိုတဲ့ ဝက်ဘ်ဆိုက်က ရေးသားထားတဲ့ ဒီသတင်းမှားကို ပြန်လည်ဖြန့်ဝေသူ သောင်းနဲ့ချီရှိနေပြီး သတင်းထဲမှာတော့ "တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ လို့အစချီကာ အထက်ပုံပါအတိုင်းရေးသားထားပြီး. တနိုင်ငံလူံးရှိ လဖက်ရည်ဆိုင်စားသောက်ဆိုင် အားလုံးတို့အား နောက် ၂ ရက်အတွင်း ဆိုင်ထိုင်စားခွင့်ပိတ်သိမ်းပြီး ချိုင့်ဆွဲပါဆယ်ဆွဲဖြင့်သာ ရောင်းချခွင့်ပြုရန် စီစဉ်ညွှန်ကြားချက် ရရှိထားပြီဖြစ်ကြောင်းသိရ" ဆိုပြီး ဖြန့်ဝေထားတာပါ။

ဒီသတင်းကိုပဲ Mg Nge ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ သြဂုတ်လ ၂၆ ရက်နေ့က ရေးသားဖြန့်ဝေထားတာကိုတော့ ထပ်ဆင့်ဖြန့်ဝေသူ တစ်သောင်းရှစ်ထောင်ကျော် ရှိခဲ့ပါတယ်။ 


ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရေးသားဖြန့်ဝေတဲ့ ရက်စွဲမှာ သြဂုတ်လ ၂၆ ရက်ဖြစ်ပြီး ယခုသတင်းရေးသားချိန်တွင်ပင် သြဂုတ်လ ၃၀ ရက် ဖြစ်နေပြီ ဖြစ်တဲ့အတွက် အဆိုပါဝဘ်ဆိုက်မှာရေးသားထားသလို ၂ ရက်အတွင်း စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေပိတ်မယ်ဆိုတာ သတင်းမှားတစ်ခုသာ ဖြစ်တယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက လတ်တလောမှာ ကေတီဗီတွေနဲ့ဘားတွေပိတ်ဖို့ညွှန်ကြားထားပေမယ့်ဒါကဆိုင်တွေအားလုံးကို ရည်ရွယ်တာတော့မဟုတ်ပါဘူး။ကိုဗစ်ဖြစ်ပွားတဲ့ကာလမှာ လိုအပ်ချက်အရတချို့

သောဆိုင်တွေကိုတော့ စည်းကမ်းချင်နဲ့အညီဖွင့်လှစ်ပေးထားမှာပါ။ ဒါတွေနဲ့ပတ်သက်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားတဲ့ အသေးစိတ်ေကြေငြာချက်တွေကို ဒီနေရာ မှာ သွားရောက်လေ့လာနိုင်ပါတယ်။


အထက်ပါပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အစားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်တာနဲ့ ပါတ်သတ်ပြီး ကြေငြာချက်ကို ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားခဲ့ပေမယ့် ယနေ့ သြဂုတ်လ ၃၀ ရက်နေ့အထိ ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး ထပ်မံထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ လိုက်ပါဆောင်ရွက်ရမဲ့ အချက်တွေကို လိုက်နာရန်သာ ပြောဆိုထားတာတွေ့ရပါတယ်။

Related Stories