HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တပ်မတော်လေယာဉ်ပျက်ကျတယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်ဘက်ကို စစ်လက်နက်သယ်ဆောင်လာတဲ့ တပ်မတော်လေယာဉ်တစ်စီး ဇွန်လ ၈ ရက်နေ့က ပျက်ကျတယ်ဆိုပြီး ဖေစ့်ဘွတ်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ခဲ့ပါတယ်။

By - Boom Live Myanmar | 13 Jun 2020 5:39 AM GMT

ဒီသတင်းဟာ သတင်းမှားဖြစ်တယ်ဆိုတဲ့အကြောင်း AFP သတင်းဌာနကလည်း သူတို့ရဲ့ သတင်းမှားဆန်းစစ်ဖော်ပြတဲ့ (AFP Fact Check) စာမျက်နှာမှာ ဇွန်လ ၁၂ ရက်နေ့က အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြခဲ့တယ်ဆိုပေမယ့် မြန်မာစာဖတ်ပရိတ်သတ် အတွက် BOOM Myanmar က ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။ AFP သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

ဒီဖြန့်ဝေမှုကို MaGwi MaJap ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အခုချိန်ထိ ထပ်ဆင့်ဖြန့်ဝေသူ ကိုးရာနီးပါးရှိနေတာတွေ့ရပါတယ်။ MaGwi MaJap ဆိုတဲ့အကောင့်မှာ ရခိုင်ပြည်တွင်းက တိုက်ပွဲအကြောင်းတွေနဲ့ တခြား ချင်း၊ ရှမ်း၊ ကချင်စတဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်တွေရဲ့ သတင်းတွေ၊ ဗွီဒီယိုဖိုင်တွေကို သတင်းအမှားနဲ့အမှန် ရောနှောဖြန့်ဝေနေတာတွေ့ရပြီး မီဒီယာကြီးတွေရဲ့ သတင်းတွေလည်း ရန်ဖန်ရံခါ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

ဇွန်လ ၈ ရက်နေ့ က ဖြန့်ဝေတဲ့ ပိုစ်ထဲမှာတော့ "ရခိုင်ဖက်ကိုစစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ လေယာဉ်တစ်စီးဟာ ပျက်ကျပြီး ပြာအတိဖြစ်သွားတယ်လို့ သိရပါတယ်၊ ၎င်း လေယာဉ် ပေါ်မှာ လိုက်ပါလာတဲ့ စစ်ဗိုလ်တွေက အချင်းချင်းပစ်ခပ်မှုဖြစ်ကြတယ်လို့လည်း သိရတယ်ခညာ...." လို့ဆိုပြီး ရေးသားကာ လေယာဉ်ပျက်ကျတဲ့ ပုံတွေကို ထည့်သွင်းဖြန့်ဝေခဲ့တာပါ။

၎င်းရဲ့ပိုစ်ကို ပြန်လည်ဖြန့်ဝေသူ ကိုးရာအပြင် ထပ်ဆင့်ဖြန့်ဝေသူအများအပြားလည်း ရှိနေပြီး ဇွန်လ ၁၁ ရက်နေ့အထိ နောက်ဆုံးဖြန့်ဝေထားတာကို တွေ့ရပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။



သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေမှုမှာ အသုံးပြုထားတဲ့ ပုံတွေရဲ့ မူရင်းကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲပုဂံ လေကြောင်းလိုင်းမှ w9-011 လေယာဉ် မီးလောင်မှုဖြစ်စဉ်က ပုံတွေပဲဖြစ်ပါတယ်။ ဖော်ကာ 100 အမျိုးအစား ဂျက်လေယာဉ်ဟာ ရန်ကုန် – မန္တလေး – ဟဲဟိုး ခရီစဉ်ပျံသန်းစဉ် ဟဲဟိုးလေဆိပ်ကို မရောက်မီ အရေးပေါ် ဆင်းသက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပါတ်သတ်ပြီး သတင်းဌာန အသီးသီးမှာ ဖော်ပြခဲ့ပြီး ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။


 သူ့ရဲ့ရေးသားဖြန့်ဝေမှုမှာ အသုံးပြုခဲ့တဲ့ မူရင်းပုံတွေကတော့ မူရင်း AFP သတင်းဌာနက ပုံတွေဖြစ်ပြီး ဒီနေရာဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



Related Stories