HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ အထက်တန်းကျောင်းသားတွေအပေါ် ဖြန့်ထားတဲ့ သတင်းအမှား

လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ အထက်တန်းကျောင်းသားတွေအပေါ် ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 19 Sept 2025 9:49 PM IST

အဆိုပါ သတင်းအမှားကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကနေ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသွားတဲ့ ကျောက်တော်မြို့ ကိုယ်ပိုင် အထက်တန်းကျောင်းက ကျောင်းသားတွေရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး “AA အကြမ်းဖက်အဖွဲ့က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အတင်းအဓမ္မလူသစ်စုပြီး သင်တန်းပေးနေကြောင်းကို သူတို့ကိုယ်တိုင် ဝန်ခံလိုက်ပြီ” (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ခေါင်းစဉ်တပ်ထားကာ သတင်းအမှားအတွင်းမှာ “AA အကြမ်းဖက်အဖွဲ့က ကိုယ့်အထုပ်ကိုယ်ပြန်ဖြည်ပြနေတယ်/ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ AA အကြမ်းဖက်သင်တန်းပေးနေတဲ့ AA အကြမ်းဖက်စခန်းကို တိုက်ခိုက်ချေမှုန်းခံရတဲ့အချိန်မှာ ဇွတ်ကြီးကို ကိုယ်ပိုင်စာသင်ကျောင်းဆိုပြီး ဝါဒဖြန့်နေတာ ဒီအကွက်က NUG အကြမ်းဖက် အုပ်စုဆီကရတဲ့ ကလိမ်ကကျစ်ဉာဏ်ပဲဖြစ်လိမ့်မယ်” (မူရင်းအတိုင်း) ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

လေကြောင်းဗုံးကြဲခံရမှုကြောင့် သေဆုံးသွားတဲ့ ကျောက်တော်မြို့ ကိုယ်ပိုင် အထက်တန်းကျောင်းက ကျောင်းသားတွေဟာ AA က စစ်သင်တန်းပေးနေသူတွေဖြစ်တယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲခံရတဲ့နေရာဟာ AA တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ချင်းမရှိပါဘူး။ ဒီနေရာဟာ ကျောက်တော်မြိုနယ်၊ သရက်တပင်ကျေးရွာ ရှိ ပညာပန်းခင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း သာဖြစ်ပါတယ်။

စစ်ကောင်စီက ကို စက်တင်ဘာလ (၁၂) ရက်၊ နံနက် ၁ နာရီကျော်ခန့်မှာ လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက် ဗုံးကြဲချခဲ့ရာမှာ အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းပေါ် ကျရောက်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး သေဆုံးကာ ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တန်ပြန်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories